ရခိုင်ပြည် မြစ်ဝကျွန်းပေါ်ရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှာ ပေါက်ရောက်လျက်ရှိတဲ့ ဓနိပင်တွေက အဖူးတွေကို အခြောက်လှန်းကောက်ကာ သဘာဝဆေးဖက်ဝင် လက်ဖက်ခြောက်အဖြစ် စတင်ထုတ်လုပ် ရောင်းချနေတယ်လို့ သိရပါတယ်။

By Development Media Group (DMG)/ June 23

ဓနိဖူးတွေကို ရခိုင်ဒေသမှာ ရေအုန်းဖူးလို့ ခေါ်ကြပါတယ်။ စစ်တွေမြို့ ဘမ္ဘာ့ရတနာဘဏ်အနီးမှာ လခြမ်းမြီရေအုန်းဖူးခြောက်လို့ အမည်ပေးပြီးတော့ ဓနီဖူးတွေကို လက်ဖက်ခြောက်အဖြစ် ရောင်းချနေတယ်လို့ ထုတ်လုပ်သူ ဒေါ်အေးစန္ဒာဌေးက ဆိုပါတယ်။ ဓနိဖူးတွေကို ဧရာဝတီနဲ့ တခြားနိုင်ငံတွေမှာ ဆေးဖက်ဝင်အဖြစ် အသုံးပြုနေကြပြီး ရခိုင်ပြည်မှာလည်း ဓနိဖူးတွေက အများကြီးရှိနေတဲ့အတွက် ဘာကြောင့်မထုတ်လုပ်နိုင်တာလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

https://www.facebook.com/dmgnewsagency/posts/2044704322348635

Leave a Reply

Your email address will not be published.