“ရခိုင်ပြည်နဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေရဲ့ အန္တရာယ်” Talk Show

By Narinjara/ 2021 June 29

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် ၂ဝ၁၆ ခုနှစ်ကနေ အခုအချိန်ထိ မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေပေါက်ကွဲမှုကြောင့် လူပေါင်း ၁၄၇ ယောက် ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့ပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)ရဲ့ စာရင်းတွေအရ သိရပါတယ်။မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေပေါက်ကွဲမှုတွေက တောတောင်တွေကိုမှီခိုလုပ်ကိုင်စားသောက်နေသူတွေရဲ့ဘဝတွေကို ခြောက်လှန့်နေဆဲပါ။ အခုချိန်ထိလည်း ဒီပေါက်ကွဲမှုတွေကြောင့် အသက်တွေဆုံးရှုံးနေရသလို ထိခိုက်ဒဏ်ရာတွေရသူတွေလည်း တစ်နေ့တစ်ခြား တိုးပွားလာနေပါတယ်။ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ဒီလို ထိခိုက်သေဆုံးမှုတွေကို ဘာတွေက လျှော့ချနိုင်မလဲ။ ဒီအကြောင်း “ရခိုင်ပြည်နဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေရဲ့ အန္တရာယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်ထားတဲ့ Talk Show အစီအစဉ်မှာ ကြည့်ရှုနားဆင်နိုင်ပါပြီ။

https://www.facebook.com/narinjara.info/posts/4451488438196532

Leave a Reply

Your email address will not be published.