By Western News/ 2021 June 3
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က မိုးစပါးစိုက်ပျိုးရန်အတွက် ချေးထားသည့် စိုက်ပျိုးရေးချေးငွေများကို ပြန် ဆပ်သူများကိုသာ ပြန်လည်ထုတ်ချေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ငွေမဆပ်သေးသောသူများမှာ ဇူလိုင် လကုန်ထိချေးငွေပြန်မဆပ်ပါက ဒဏ်တိုးကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံံဖြိုးရေးဘဏ် (ရခိုင်ပြန်ဘဏ်ခွဲ)မှသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် မြန်မာလယ်ယာဖွွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ်ဘဏ်ခွဲမှ မြို့နယ် ၁၇ မြို့နယ်မှ ကျေးရွာအုပ်စုပေါင်း ၈၁၈ အုပ်စု၌ တောင်သူဦးရေ ၈၁၅၃၁ ဦး၏ မြေဧကပေါင်း ၃၉၅၇၄၄ အတွက် ကျပ်သန်းပေါင်း ၅၉၃၆၁.၆၀ သန်းထုတ်ချေးခဲ့သည်ဟု ရခိုင်ပြည်နယ် စိုက်/ ဘဏ်ခွဲ၏ စာရင်းများအရသိရသည်။
ယခုနှစ်တွင် ကိုဗစ်အခြေနေနှင့် နိုင်ငံရေး အခြေနေများကြောင့် ဇူလိုင် ၃၁ ရက်နေ့နောက်ပိုင်းအထိ စိုက်/ဘဏ် ချေးငွေမဆပ် သူများအား ဒဏ်တိုးငွေကောက်ခံသွားမည်ဟု မြန်မာလယ်ယာဖွံံဖြိုးတိုးတက်ရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ပြည်နယ်မန် နေဂျာဦးအေးသိန်း က Western News ကို ပြောသည်။
“နှစ်တိုင်းဆိုရင်စိုက်ပျိုးရေးအတွက် ချေးငွေတွေကို စပါးပေါ်ချိန်ဆိုရင်ဆပ်ရတာပေါ့။ ဒီနှစ်ကျတော့ ကိုဗစ်ရောဂါ အခြေအနေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဇူလိုင်လကုန်ထိချေးငွေတွေ ဆပ်ကြဖို့နောက်ဆုတ်ထားတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ပိုင်းမှ ဆပ်တဲ့သူတွေကို ဒဏ်တိုးကောက်ခံသွားပါမယ်။ ချေးငွေဆပ်ထားတဲ့သူတွေကို မေလ ၂၆ ရက်နေကစပြီး ငွေပြန်ထုတ်ပေး နေပြီ”ဟုပြောသည်။စိုက်/ဘဏ်မှ ချေးငွေများအား ပြန်လည်ပေးဆပ်ပြီးသူများကို မေလ ၂၆ ရက်မှစပြီး ချေးပေးနေပြီးဖြစ်ကြောင်း(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ပြည်နယ်မန် နေဂျာဦးအေးသိန်း က Western News ကို ပြောသည်။
ဘဏ်ချေးငွေဆပ်စရာမလိုဘဲ အတိုးသာပေးရမည်ဆိုသော သတင်းများမှာ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ထုတ်က ပြန်ထားခြင်း မဟုတ်ဘဲ တခြားအဖွဲ့စည်များက ထုတ်ပြန်ထားခြင်းဖြစ်ပြီး လက်ရှိတွင်ဘဏ်ချေးငွေများကို ကိုပြန်ဆပ်ရန် မြို့နယ်မန်နေဂျာများမှ တဆင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဆီ စာပို့ထားပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ဘဏ်ချေးငွေများကို စစ်တွေမြို့နယ်တွင် ၅၂% ဖြင့်အများဆုံးဆပ်ထားပြီး ရသေ့တောင်မြို့နယ်မှ ၀.၇၁%ဖြင့်အနည်းဆုံး ဆပ်ထားသည်။ ယခုနှစ်တွင်ထုတ်ချေးငွေကျပ်သန်းပေါင်း ၅၉၃၆၁.၆ဝမှ စုစုပေါင်း ဘဏ် ချေးငွေ ၂၉၆၉.၅၅ ကျပ်သန်းခန့်သာကောက်ခံ ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅ %သာ ကောက်ခံရရှိထားသေးသည် ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ်ဘဏ်ခွဲ၏ စာရင်းများအရသိရသည်။
ယခုနှစ် ၂၀၂၁ခုနှစ်မိုးရာသီ စိုက်ပျိုးချိန်တွင် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရခိုင်ပြည်နယ်ရှိ တောင်သူလယ် သမား ၈၁၅၃၁ ဦး၏ လယ်ဧက ၅၂၃၈၉၄ အတွက် ငွေကျပ်သန်း ၇၈၅၈၄ သန်းခန့်ကိုထုတ်ချေးရန်လျာထားသည်ဟုလည်း ဘဏ်မန်နေဂျာ ဦးအေးသိန်းက ပြောသည်။
ယခင်နှစ်က ချေးငွေကို သင်္ကြန်မတိုင်ခင် ကတည်းက ရှိသမျှစပါးကို ရောင်းချကာ ပြန်ဆပ်ထားပြီး ချေးငွေ ပြန်ထုတ်မပေးဟု သတင်းများကြားနေရသည့်အတွက် ယခုနှစ် စပါးစိုက်ပျိုးရန်ငွေကြေးအခက်အခဲအတွက် စိုးရိမ် နေသည်ဟုပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးလှကျော်ဇံက Wesetrn News သို့ပြောသည်။
“စိုက်/ဘဏ်ချေးငွေက တော့ သင်္ကြန်မတိုင်မိကတည်းက ရှိသမျှစပါးတွေအကုန်ရောင်းပြီး ဆပ်ထားပါပြီ။ ဒီနှစ် ဘဏ်ချေးငွေတွေ ပြန်မချေးဘူးဆိုပြီး သတင်းတွေကြားနေရတယ်။ တကယ်သာ မချေးဘူးဆိုရင်တော့ ဒီနှစ် စပါးတောင်စိုက်ပျိုးနိုင်ပါ့မလားမသိဘူး။ ဆီစျေးတွေနဲ့၊မြေသြဇာစျေးတွေကတအားတက်နေတယ်။ ချေးငွေ ထုတ်မ ပေးရန် ဘယ်က ငွေတွေနဲ့ ဆီတွေ၊ လုပ်အားခတွေ၊ မြေသြဇာတွေကို ဝယ်ရ၊ပေးရမလဲ”ဟုပြောသည်။
ရခိုင်ပြည်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ၂ နှစ်ကျော်တိုက်ပွဲဖြစ်ပွားခဲ့သည့် ကာလအတွင်း တိုက်ပွဲပြင်းထန်းစွာ ဖြစ်ပွားခဲ့သည့် ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ပုဏ္ဏားကျွန်း၊ စစ်တွေ၊ကျောက်တော် မြို့နယ်မှ လယ်သမားများမှာ စပါးရိတ်သိမ်းခွင့်မရခဲ့ဘဲ နေရပ်စွန့်ခွါကာ စစ်ဘေးဒုက္ခသည်အဖြစ်ခုံလှုံနေကြရသည်။
ယင်းကြောင့် ယခင်နှစ်က ချေးထားသည့် စိုက်/ဘဏ်ချေးငွေကို ပြန်မဆပ်နိုင်ဘဲရှိနေကြသည်။ နှစ်ဖက်တိုက်ပွဲကြောင့် ယခင်နှစ်က စပါး မရိတ်သိမ်းခဲ့ရသည့် လယ်ဧကများနှင့် စပါးမစိုက်ပျိုးနိုင်ခဲ့သည့်အတွက် စပါးအထွတ်နှုန်းများမှာလည်း သိသိသာသာကျဆင်းခဲ့သည်။
ရခိုင်တွင် စိုက်ပျိုးမြေဧကပေါင်း ၁၅၀၀၀၀၀ ကျော်ရှိသည့်အထဲ ပြည်နယ်အတွင်းစစ်ပွဲအခြေအနေကြောင့် ပြီးခဲ့ သည့်၂၀၂ဝခုနှစ်က လယ်ဧကပေါင်း ၆၅၀၀၀၀ အထိသာစိုက်ပျိုးနိုင်ခဲ့ကြောင်းလည်းရခိုင်ပြည် တောင်သူလယ် သမား သမဂ္ဂ၏ အချက်အလက်များ အရသိရှိရသည်။
https://www.facebook.com/westernnewsagency/posts/303377014802143