ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာသစ် ၁၁ ဦး ထပ်တိုး

By Narinjara/ 2021 June 17

ချစ်အိလှိုင်

ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့်မောင်တောမြို့တို့တွင် ယနေ့ ကိုဗစ်အတည်ပြုလူနာသစ် ၁၁ ဦး ထပ်တိုးကြောင်း သတင်းရရှိသည်။

ထပ်တိုးတွေ့ရှိသည့် ကိုဗစ်လူနာ ၁၁ ဦးမှာ စစ်တွေဆေးရုံတွင် ၁ဝ ဦးနှင့် မောင်တောတွင် ၁ ဦးတို့ဖြစ်သည်။

စစ်တွေဆေးရုံတွင်တွေ့သည့် လူနာ ၁ဝ ဦးမှာ ရွှေမင်းဂံဆိပ်ကမ်းမှ စစ်တွေဆေးရုံကြီးသို့ ယနေ့ ညနေ ၇ နာရီခန့်တွင်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဆေးရုံတာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

“ဒီနေ့စစ်တော့ ဒီနေ့တွေ့တာပါ။ ဆယ်ယောက်ပါအားလုံး။ အမျိုးသားတွေချည်းပါပဲ။ ရောဂါလက္ခဏာပြတဲ့လူတွေမဟုတ်ပါဘူး။ ဒီတိုင်းစစ်ဆေးလို့တွေ့တာပါ။” ဟုပြောသည်။

ယနေ့တွေ့ရှိသည့် လူနာများနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စစ်တွေဆေးရုံအုပ်ကြီးတို့ကို ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရသေးပါ။

https://www.facebook.com/narinjara.info/posts/4415895125089197

Leave a Reply

Your email address will not be published.