ရခိုင်တွင်ပြုလုပ်နေသည့် ဓမ္မာစာရိယစာမေးပွဲတွင် သံဃာတော်များနှင့်သီလရှင်အပါး ၄ဝဝ ကျော် ဝင်ရောက်ဖြေဆို

By Narinjara/ 2021 June 2

ချစ်အိလှိုင်၊ အောင်လင်းထွန်း

ရခိုင်ပြည်နယ်မှ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ဓမ္မာစာရိယစာမေးပွဲကို ဇွန်လ ၁ရက်နေ့က စတင်ကျင်းပနေရာ သံဃာတော်နှင့်သီလရှင် အပါး၄ဝဝကျော်ဝင်ရောက်ဖြေဆိုနေကြောင်း သတင်းရရှိသည်။

ဓမ္မာစာရိယ စာမေးပွဲကို  ဇွန်လ ၁ ရက်နေ့မှ ၉ ရက်နေ့ထိ  ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်က “စစ်တွေမှာဖြေဆိုနေတာက ၃ဝ၁ ပါးပါ။ ကျောက်ဖြူမှာ ကတော့ ၁ဝရ ပါးပါ။ ရခိုင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ဖြေဆိုနေရတာပါ။ ကျောက်ဖြူနဲ့နီးတဲ့ မြို့နယ်တွေက သင်္ဃာတွေက ကျောက်ဖြူမှာဖြေတယ်။ စစ်တွေနဲ့နီးရင် စစ်တွေမှာဖြေကြတယ်။ သီလရှင်တွေလည်းပါပါတယ်။ ဒီနေ့ကတော့ ဒုတိယမြောက်နေ့ပါ။ ကျမ်းတစ်ကျမ်းကို နှစ်ရက်စီနဲ့ သုံးကျမ်းကို ဖြေဆိုရမယ့်စာမေးပွဲပါ” ဟုပြောသည်။

အဆိုပါစာမေးပွဲကိုကျောက်ဖြူမြို့ ယက်လှဲကျောင်းတိုက်ဓမ္မာရုံနှင့် စစ်တွေမြို့ လောကာနန္ဒာ သာသနဗိမ္မာန် တို့တွင် စာစစ်ဌာနဖွင့်၍ ဖြေဆိုနေကြခြင်းဖြစ်ကြောင်း  ပြောသည်။

ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ပါရာဇိကဏ် ကျမ်းကို ၄င်း သီလရှင်နှင့် ရဟန်းတော် ၄ဝရ ပါးတို့မှ ဖြေဆိုနေကြခြင်းဖြစ်ကြောင်းသူကဆက်ပြောသည်။

စစ်တွေမြို့စာစစ်ဌာနမှ ကြီးကြပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ရတနာဘုံမြေကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဓဇ က” ဆရာတော်တို့ဆီမှာကတော့ သီလရှင်ခြောက်ပါးဖြေတယ်။ တစ်နေ့နဲ့ တစ်နေ့နဲ့တော့ အရေအတွက်မတူဘူး။ ဒီပါရာဇိကဏ်မှာတော့ စစ်တွေမှာ ၃ဝဝ ကျော်ဖြေတာပါ။ နောက်ထပ်ကျမ်း နှစ်ကျမ်းစာမေးပွဲကျရင် အရေအတွက်တိုးချင်တိုးလာမှာပါ။ ” ဟုပြောသည်။

အဆိုပါသင်္ဃာတော်များမှာ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁၊၂)၊ သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာ(၁၊၂)၊ ဓမ္မသင်္ဂဏီပါဠိ(၁၊၂) အပြင် ဂုဏ်ထူးတန်းများအား လာမည့်ဇွန်လ (၉) ရက်နေ့အထိ ဖြေဆိုရမည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4375132675832109

Leave a Reply

Your email address will not be published.