By Western News/ 2021 June 5
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၆ ဦးထဲ မှ ၁၃ ဦးမှာ ကျန်းမာရေးကောင်းမွန်သွားပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပေးလိုက်ပြီဖြစ် ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါဆေးရုံးမှဆင်းခွင့်ပေးလိုက်သည့် ပိုးတွေ့လူနာ ၁၃ ဦးမှာ စစ်တွေမြို့ပြည်သူ့ဆေးရုံးကြီးတွင် ၁၀ ရက်ခန့် ကြာကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီးနောက် မည်သည့်ရောဂါလက္ခဏာမှမပြသည့်အတွက် ဆင်းခွင့်ပေး လိုက်ခြင်းဖြစ်သော်လည်း ၎င်းတို့ကိုနေအိမ်တွင် ရက်သတ္တပတ်ခန့်ကြာ Home Quarantine နေထိုင်ကြရမည်ဖြစ် သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။
“လက်ရှိဆေးရုံမှာ ၃ယောက်သာကျန်တော့တယ်။ ၁၃ယောက်ကတော့ ဆင်းခွင့်ရသွားပြီ။ ဘာရောဂါလက္ခဏာ မှမတွေ့တော့လို့ဆင်းခွင့်ပေးလိုက်တာ။သူတို့ကို ရောဂါလက္ခဏာတစ်ခုခု ပြန့်သွားမှာစိုးလို့သာ ကိုဗစ်လူနာအဖြစ် ဆေးရုံမှာထားတာ။ ထွေထွေထူးထူးတော့မရှိပါဘူး။ရောဂါလက္ခဏာ ပြလာလို့အောက်ဆီဂျင်လို အပ်လာရင် လည်း အောက်ဆီဂျင်က ဆရာတို့မှာအဆင်သင့်ရှိပါတယ်။ သူတို့ကိုအခုတော့ အိမ်မှာ Home Quarantine နဲ့တစ်ပတ်နေကြရတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် အလုပ်သမား ၄၀ ဦးကို နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်တို့စစ်ဆေးရာ မေလ ၁၂ ရက်နေ့တွင် ၄ ဦး မေလ ၁၄ ရက်နေ့တွင် ၁ ဦး၊ မေလ ၁၈ ရက်နေ့တွင် ၁ ဦး၊ မေလ ၂၁ နေ့တွင် ၇ ဦးနှင့် ဇွန်လ ၁ ရက်နေ့တွင် ၃ ဦး စုစုပေါင်း ၁၆ ဦး၌ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်ကိုဗစ်၁၉ ဒုတိယလိုင်း စတင်ဖြစ်ပွားခဲ့မှုသည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လလယ်မှ ယခုနှစ်ဖေဖော်ဝါရီလ ၂ရက်နေ့အထိ သေဆုံးသူ ၃၇ ဦးရှိပြီး ရောဂါပိုးကူးစက်ခံရသူ ၄၂၆၄ ဦရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏စာရင်းများအရသိရသည်။
https://www.facebook.com/westernnewsagency/posts/304461754693669