By Narinjara/ 2021 June 28
ဆောင်းဇာခြည်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စက်လှေချင်းတိုက်မိရာမှ ပျောက်ဆုံးနေသည့် အမျိုးသမီးအား သေဆုံးလျက် ပြန်တွေ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသမီးမှာ ကျောက်တော်မြို့နယ်၊ ပေါက်လေတောင်ကျေးရွာမှ အသက် ၃ဝ ကျော်အရွယ် ဒေါ်လှမိုးကြည်ဖြစ်ပြီး သူ၏အလောင်းအား ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်က မြောက်ဦးမြို့နယ်၊ ကုလားကချောင်း ကျေးရွာအနီး ကမ်းစပ်တစ်ခုတွင် တွေ့ခဲ့ခြင်းဖြစ်သည်ဟု ပေါက်လေတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်က ပြောသည်။
“အလောင်းရဲ့ မျက်နှာမှာ တချို့အစိတ်အပိုင်းတွေ မပါတော့ဘူး။ အလောင်းက အနံ့နည်းနည်း အနံ့ထွက်နေပါပြီ။”ဟု ပြောသည်။
အလောင်းအား ယမန်နေ့ နေ့လယ် ၁ နာရီခန့်တွင် ပေါက်လေတောင်ကျေးရွာရှိ သချႋုင်းတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူသည် ဇွန်လ ၂၆ ရက်နေ့ မွန်းတည့်ပိုင်းက မြောက်ဦးမြို့သို့ စက်လှေငယ်ဖြင့် စျေးဝယ်ရန်သွားစဉ် မြောက်ဦးမြို့နယ်၊ ကုလားကချောင်းအတွင်း အခြားစက်လှေတစ်စီးဖြင့် တိုက်မိရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယင်းနေ့က တိုက်မိခဲ့သည့်စက်လှေနှစ်စီး၏ စက်လှေမောင်းသမားနှစ်ဦးကို သေဆုံးသူ၏မိသားစုဝင်များက ကျေနပ်မှုမရှိ၍ အခင်းဖြစ်သည့်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က စစ်ဆေးရန်ခေါ်ဆောင်သွားခဲ့သည်ဟုလည်း ပေါက်လေတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်က ပြောသည်။
https://www.facebook.com/narinjara.info/posts/4448537081825001