မောင်တောတွင် သိန်းပေါင်း ၂၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

By Development Media Group (DMG)/ June 15

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၉၀၀ ကျော်ခန့် တန်ဖိုးရှိသည့် WY စာတန်းပါ ဆေးပြားပေါင်း ၁၉၅၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းက မောင်တောမြို့နယ် ဗိုလ်မှူးရွာကျေးရွာသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးစဉ် ယင်းသို့ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေရာတွင်ပါဝင်သည့် အရာရှိတစ်ဦးကပြောသည်။

မော်တော်ယာဉ်အားစစ်ဆေးရာတွင် ယာဉ်၏အလယ်ခန်း၌ ခရီးဆောင်လက်ဆွဲအိတ် ၂ လုံးဖြင့် ထည့်ထားသည့် WY ဆေးပြားအထုတ် ၂၀ ၊ ဆေးပြားစုစုပေါင်း ၁၉၅၀၀၀ ပြားကို သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်အားစစ်ဆေးရာတွင် အခကြေးငွေ ၁၀ သိန်းဖြင့် သယ်ယူပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရသိရသည်။

မောင်တောမြို့နယ်ရဲစခန်းမှူး ဒုရဲမှူး မြင့်ကျော်ဦးက “ကွင်းဆက်တွေတော့ ဖမ်းမရသေဘူး။

မူးယစ်ဆေးနဲ့ဖမ်းမိတဲ့ တစ်ဦးတည်းအမှုဖွင့်ထားတယ်” ဟု ပြောသည်။

ယာဉ်မောင်း၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံများအား လိုက်လံဖော်ထုတ်လျက်ရှိပြီး မူးယစ်ဆေးဝါးနှင့်အတူတွေ့ရှိသည့် ယာဉ်မောင်းအား မောင်တောနယ်မြေရဲစခန်းတွင် မူးယစ်(ပ)၆/၂၀၂၁၊ မူး/စိတ်ဥပဒေပုဒ်မ- ၁၉(က)/၂၁ ဖြင့် ဇွန် ၁၅ ရက်နေ့က အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2038826502936417

Leave a Reply

Your email address will not be published.