By Development Media Group (DMG)/ June 23

မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သူ၏ ဝန်ဝမ်းတစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးနောက် သူတို့နှင့်ထိတွေ့ခဲ့သူ ထွေ/အုပ်ဝန်ထမ်း ၅ ဦးအား အသွားအလာကန့်သတ်ပြီး ရောဂါပိုးစစ်ဆေးရာတွင် ယနေ့ ဇွန်လ ၂၃ ရက်နေ့ နောက်ထပ် ဝန်ထမ်း ၁ ဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရကြောင်း သိရသည်။
မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ” ဟုတ်တယ်။ ဒီနေ့မနက်စစ်ဆေးတာပါ။ ကွာရင်တင်းဝင်နေရတဲ့ ဝန်ထမ်း၅ ဦးကို စစ်ဆေးရာမှာ ဝန်ထမ်းတစ်ဦးမှာ ရောဂါပိုးထပ်တွေ့တယ်။ ” ဟု DMG ကို ပြောကြားသည်။
ယနေ့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူမှာ အမျိုးသားဖြစ်ပြီး ကွာရင်တင်းထားရှိသည့် ၅ ဦးတွင် အမျိုးသမီးများလည်း ပါဝင်ကြောင်းသူက ဆိုသည်။
ကိုဗစ်ရောဂါတွေ့ရှိရသည့် ထွေ/အုပ်ဝန်ထမ်း ၃ ဦးမှာ ဒေသတွင်းကူးစက်ခံရမှုဖြစ်ပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရောက်လာသူများဖြင့် ထိတွေ့ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံအစည်းအဝေးများပြုလုပ်စဉ် ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ထွေ/အုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။
မောင်တောမြို့၌ ကိုဗစ်ပိုးတွေ့လူနာ ၅ ဦးရှိနေပြီး ထိုအထဲတွင် တစ်ဖက်နိုင်ငံမှ တရားမဝင်ရောက်လာသူ ၂ ဦးနှင့် ဒေသတွင်းကူးစက်ခံရသူ ထွေ/အုပ် ဝန်ထမ်း ၃ ဦးတို့ဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/2044818255670575