By Western News/ 2021 June 30

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၈ ဦးအပါဝင် ၁၅ ဦးမှာ ကိုဗစ်တွေ့ရှိခဲ့သည်ဟု မောင်တောခရိုင်ဆေးရုံမှ သိရသည်။
ကိုဗစ်ပိုးတွေရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာမောင်တောမြို့နယ်မှာ မဟုတ်ဘဲ အသစ်ပြောင်းရွေ့လာသော သူများသာ ဖြစ်သည်ဟု မောင်တောခရိုင်ဆေးရုံးအုပ်ကြီး ဒေါက်တာနုကေသီစံက Western News ကို ပြောသည်။
“နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၈ ဦးပါ။ ပြီးတော့ အပြင်က ၇ ယောက်တွေ့တာပါ။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ဟုတ်မဟုတ်တော့ မပြောတက်သေးဘူး။ သူတို့တွေက မောင်တောကလူတွေမဟုတ်ဘူး။ နယ်ပြောင်းဝင်လာတဲ့သူတွေပါ။ ကျန်တဲ့လူတွေက မြို့ထဲကလူတွေပါ”ဟုပြောသည်။
လက်ရှိတွင် ကိုဗစ်လူနာများအားဆေးရုံတွင် မထားရှိဘဲ မြို့တော်ခန်းမတွင် ကုသလျှက်ရှိပြီး မောင်တောမြို့နယ်တွင်ဇွန်လ အတွင်း ကိုဗစ်ပိုးကူးစက်ခံရသူ ၄၃ ဦးအထိရှိခဲ့ကာ ဆေးရုံးမှပြန်ဆင်းသူ ၅ ဦးရှိကြောင်း၎င်းက ဆက်ပြောသည်။
ကိုဗစ်ကူးစက်မှုမြင့်တက်နေသောကြောင်း မောင်တောမြို့နယ်တွင် Mask ကိုမဖြစ်မနေတက်ရန်၊ တက်နိုင်သမျှအပြင်မထွက်ရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် ဈေးဆိုင်များအား ပါဆယ် စနစ်ဖြင့်ရောင်းချရန်ညွှန်ကြားထားသည်ဟု မောင်တောဆေးရုံးအုပ်ဒေါက်တာ နုကေသီစံကပြောသည်။
ရခိုင်ပြည်နယ်တွင် ဇွန်လ ၃၀ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူ ၁၄၉ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ စာရင်း အရသိရသည်။
https://www.facebook.com/westernnewsagency/posts/321120316361146