မောင်တောတွင် ကြက်သွန်နီကားများ ရာချီပိတ်မိနေ (ဓါတ်ပုံသတင်း)

By Development Media Group (DMG)/ June 11

မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့မှု များပြားနေပြီး ထိုသို့တင်ပို့ရာတွင် မော်တော်ဘုတ်များ လုံလောက်မှုမရှိသည့်အတွက် ကြက်သွန်နီကားများ ကညင်ချောင်းစီးပွါးရေးဇုန်၌ ရာနှင့်ချီ သောင်တင်လျှက်ရှိနေကြောင်း သိရသည်။

ကြက်သွန်ကုန်သည်တစ်ဦးဖြစ်သူ မာမတ်အိဆပ်က ” ကျွန်တော်တို့ ကုန်သည်တွေ တော်တော်လေးနစ်နာပါတယ်။ ရန်ကုန်က ကြက်သွန်နီးတွေက ရောက်လာပြီ။ ဒီက တင်ပို့ရာမှာ မော်တော်ဘုတ်တွေက မလုံလောက်တော့ ကြက်သွန်နီတွေသောင်တင် မိုးကရွာတော့ ကြက်သွန်တွေ ကားအစီးလိုက် ပျက်စီးသွားတာတွေရှိတယ်။” ဟု ပြောသည်။

လက်ရှိတွင် ကြက်သွန်နီ ၁ ကေဂျီအား ဘင်္ဂလားဒေ့ရှ် တာကာငွေ ၂၀ ကနေ ၃၂ တာကာအထိ မြင့်တက်သွားတာကြောင်း သိရသည်။ ယခုလို ကြက်သွန်တင်ပို့မှု မြင့်တက်လာနေသော်လည်း မောင်တောနယ်စပ်မှ မော်တော်ဘုတ် ၈ စီးဖြင့်သာ ကုန်သွယ်မှုပြုနေရပြီး ကိုဗစ်ရောဂါကြောင့် ကုန်တင်ကုန်ချအလုပ်သမားများနည်းပါ၍ ကုန်သွယ်မှုကြန့်ကြာနေရသည်ဟု ကုန်သည်များကဆိုသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဌ ဦး အောင်မြင့်သိန်းက ” ဟုတ်ပါတယ်။ အခုလိုကြက်သွန်နီတွေ ပိတ်မိနေတာက မော်တော်ဘုတ်တွေ မလုံလောက်တာကြောင့်လည်းပါသလို ကိုဗစ် ၁၉ ကြောင့် ဟိုဖက်နိုင်ငံဖက်မှာ အလုပ်သမားအရေအတွက် လျှော့သွားတာနဲ့လည်းဆိုင်တယ်။ ကညင်ချောင်းစီးပွါးရေးဇုန်ကတော့ ၂၄ နာရီကုန်သွယ်မှုပြုနိုင်တယ်။ ဒီရေအတက်အကျစောင့်စရာမလိုဘူး။” ဟု ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ယခုနှစ် ဧပြီလ ၁၄ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မေလအတွင်း မောင်တောနယ်စပ်မှ ကြက်သွန်တန်ချိန် ၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံထံမှ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2035354846616916

Leave a Reply

Your email address will not be published.