မောင်တောတွင် ကိုဗစ်ပိုးတွေ့လူနာ ယနေ့တစ်ဦး ထပ်တိုး၊ စုစုပေါင်း ၇ ဦးအထိရှိလာ

By Development Media Group (DMG)/ June 24

မောင်တောမြို့ ၄ မိုင်မှ အရပ်သားအမျိုးသမီးတစ်ဦးတွင် ယနေ့ ဇွန်လ ၂၄ ရက်တွင် ကိုဗစ်ရောဂါပိုးတွေ့ ရှိရကြောင်း မောင်တောခရိုင်ဆေးရုံက သိရသည်။

ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ” ဟုတ်တယ်။ ဒီနေ့မနက်မှာ သူမက အနံ့မရလို့ ဆေးရုံကို လာရောက်စစ်ဆေးတာမှာ ရောဂါပိုးတွေ့ရှိတာ။ သူနဲ့ထိတွေသူ ၇ ဦးကို အသွားအလာကန့်သတ်ပြီး သူတို့နေအိမ်မှာပဲ နေထိုင်ခိုင်းထားတယ်။” ဟု DMG သို့ ပြောသည်။

လက်ရှိ မောင်တောမြို့တွင် ပိုးတွေ့လူနာ ၇ ဦးအထိရှိကာ ၂ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားပြီး ၅ ဦး ကျန်ရှိနေကြောင်း သိရသည်။

ထို ၅ ဦးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရောက်လာသူ ၁ ဦး၊ မောင်တောခရိုင် ထွေ/အုပ်ဝန်ထမ်း ၃ ဦးနှင့် အရပ်သား ၁ ဦး စုစုပေါင်း ၅ ဦးတို့ဖြစ်ကြသည်။
မနေ့ကလည်း စစ်တွေတွင် တစ်ဦးနှင့် တောင်ကုတ်တွင် ၂ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကူးစက်မှုမှာ ဒေသတွင်းကူစက်မှုဖြစ်ပြီး ဆက်လက်ဖြစ်ပေါ်လာနိုင်၍ မောင်တောပြည်သူများနှင့် အခြားဒေသက ပြည်သူများမှာ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့် ကိုဗစ်စည်းကမ်းများကို တိတိကျကျ လိုက်နာကြရန် ဒေါက်တာနုကေသိစံက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် လမှစ၍ ရခိုင်ပြည်တွင် ကိုဗစ်ကူးစက်မှု ၈၇ ဦးအထိ ရှိလာနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနက သိရသည်။

https://www.facebook.com/dmgnewsagency/posts/2045498648935869

Leave a Reply

Your email address will not be published.