မာန်အောင်တွင် ယာဉ်မတော်တဆဖြစ်၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေ

By Narinjara/ 2021 June 8

အောင်လင်းထွန်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ကမားကျေးရွာတွင် ယမန်နေ့ ဇွန်လ ၇ ရက်နေ့ ညက ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။သေဆုံးသွားသူမှာ ကိုမင်းမင်းထွန်း (၂၅ နှစ်) ဖြစ်သည်။

သူသည် ယမန်နေ့ည ၉ နာရီ မိနစ် ၄ဝ ခန့်တွင် ကမားကျေးရွာတောင်ဘက်မှဆိုင်ကယ်ဖြင့် မောင်းလာစဉ် စစ်လမ်းဝ လမ်းခွဆုံအနီးရပ်ထားသည့် ကုန်တင်ကားကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့သည့်အတွက် ယခုကဲ့သို့သေဆုံးသွားခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာသို့သွားရောက်ကြည့်ရှုခဲ့သည့် ကိုမောင်လေးက ပြောသည်။

“ဆိုင်ကယ်တိုက်တယ်လို့အသံကြားလို့သွားကြည့်တာ ကျနော်ရောက်တဲ့အချိန်မှာ ကားဘီးအောက်ထဲကို ဆိုယ်ကယ်ဝင်သွားတယ်။ ရပ်ထားတဲ့ကားကို သူကဝင်တိုက်တာ။ သူ့မှာ နှာခေါင်းရိုးလည်း ကျိုးသွားတယ်။ သွေးတွေဆိုလည်း အိုင်နေတယ်။ တိုက်ပြီးလို့ ၅ မိနစ်နေတော့ မလှုပ်တော့ဘူး။” ဟု ပြောသည်။

အခင်းဖြစ်ပြီးနောက် ညဉ့် ၁၂ နာရီခန့်တွင် မိသားစုရောက်လာသည့်အခါမှ အလောင်းအား မာန်အောင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မာန်အောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “မိမိကိုယ်ကိုယ်အသက်သေတဲ့အထိ ယာဉ်ကိုမဆင်မခြင်စီးနှင်းမောင်နှင်လို့ ပုဒ်မ ၃ဝ၄ (က)နဲ့ အမှုဖွင့်ထားတယ်။” ဟု နိရဥ္စရာကို သည်။

သေဆုံးသူနှင့် သူ၏မိသားစုမှာ ကမားကျေးရွာမှဖြစ်သော်လည်း မာန်အောင်မြို့တွင် ပြောင်းရွှေ့ နေထိုင်သူများ ဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4392203280791715

Leave a Reply

Your email address will not be published.