ပြီးခဲ့တဲ့ ဇွန်လတစ်ရက်နေ့ကနေစလို့ အခြေခံပညာကျောင်းတွေကို တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်မှာတော့ ကျောင်းတက်သူ ၉၇ ရာခိုင်နှုန်းအထိရှိတယ်လို့ ပြည်နယ်ပညာရေးမှုးရုံးက သိရပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်စခန်းက ကျောင်းနေအရွယ် ကလေး ၃၀ ရာခိုင်နှုန်းခန့်ဟာ ကျောင်းမတက်နိုင်ခဲ့ဘူးလို့လည်း REC ရဲ့ စစ်တမ်းတွေအရသိရပါတယ်။ ရခိုင်ပြည်မှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်ရှိနေပြီး အဲ့ဒီအထဲက ၃၀ ရာခိုင်နှုန်းဟာ ကျောင်းနေ အရွယ်ကလေးငယ်တွေဖြစ်ကြပါတယ်။

By Development Media Group (DMG)/ June 15

https://www.facebook.com/dmgnewsagency/posts/2038638572955210

Leave a Reply

Your email address will not be published.