By Western News/ 2021 June 4
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၄ ရက် ညဥ့်အချိန်က ဗုံးပေါက်ကွဲ၍သေဆုံးသွားသူများ၏ ရုပ်အလောင်းကို ယနေ့ ဇွန်လ ၄ ရက် နေ့လည် ၃ နာရီခန့်တွင် ပုဏ္ဏားကျွန်းသချႋုင်းတွင် သင်္ဂြိုဟ်ခဲ့သည်။
သေဆုံးသွားသူ ၄ ဦးမှာ ဇွန်လ ၄ ရက် ညဥ့်အချိန်က ဖားရှာရန်သွားခဲ့ကြပြီး ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံးနောက် မြို့ပတ်လမ်းထက်တွင် ရရှိလာသည့် ဖားများကိုမီးဖုတ်နေစဉ် ဗုံးပေါက်ကာသေဆုံးသွားခြင်းဖြစ်သည်။
သေဆုံးသွားသူ ၄ ဦးမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ မောင်စိုးဝင်းနိုင် အသက် ၂၂ မောင်နိုင်နိုင်ထွန်း အသက် ၂၂ မောင် ဦးကျော်ညွန့် အသက် ၂၅ နှစ်၊ မောင်မောင်ချေ အသက် ၂၇ တို့ဖြစ်ကြောင်း စံပြရပ်ကွက်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးအောင်စိန်လှ က ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂ နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှု ကြောင့် အရပ်သားသေဆုံးသူ ၄၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၁ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး (REC)၏ မှတ်တမ်းများ အရ သိရသည်။
https://www.facebook.com/westernnewsagency/posts/304107971395714