ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်းများ အားလုံး ရက်အကန့်အသတ်မရှိ ယာယီပိတ်

By Western News/ 2021 June 10

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း များအားလုံးကို ဇွန်လ ၉ ရက်နေ့မှစတင်ပြီး ရက်အကန့်အသတ်မရှိယာယီပိတ်ထားလိုက်သည်ဟု မြို့နယ်ပညာ ရေးဦးစီးဌာနမှတာဝန် ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ပလက်ဝမြို့၌ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူ ၇ ဦးအထိရှိလာနေသည့်အတွက် စာသင်ကျောင်းများကို ခေတ္တယာယီပိတ်ထားလိုက်ရခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်နေ့ရက်ကိုလည်း ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်အခြေအနေ ကောင်းမွန်သွားပြီဟုပြောဆိုလာမှသာပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းပလက်ဝမြို့နယ်ပညာရေးမှူး ဦးကီးလောဟာ ကပြောသည်။

“ ဒီလ ၉ ရက်ကစလို့ ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွအထက်တန်း၊ အလယ်တန်း၊ မူလတန်း အကုန်လုံးကို ယာယီပိတ်ထားလိုက်တာ။ မြို့မှာကိုဗစ်ပိုးတွေ့လူနာ ၇ ယောက်ရှိလို့ ပိတ်ထားလိုက်တာ။ ပြန်ဖွင့်မယ့်ရက်ကိုတော့မသိသေးဘူး။ ကျန်းမာရေးဌာနက ကိုဗစ်အခြေအနေကောင်းသွားပြီလို့ပြောလာမှ ကျောင်းတွေကိုပြန်ဖွင့်သွားမယ်” ဟု ပြောသည်။

သို့သော်လည်း အခြေခံပညာကျောင်းများအား ခေတ္တယာယီ ပိတ်ထားသောကာလအတွင်း ကျောင်း၊ ရုံးဝန်ထမ်း များအားလုံး ခရီးသွားလာမှုများကို လုံးဝ(လုံးဝ) မပြုလုပ်ကြဘဲ မိမိတို့တာဝန်ကျသည့် ကျေးရွာတွင်သာ အဆင်သင့်ရှိနေကြရန်နှင့် ဤရုံး၏ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားချက်ထုတ်ပြန်ပြီး အခြေခံပညာကျောင်း များ ပြန်လည်ဖွင့်လှစ်ကြရန် အကြောင်းကြား အပ်ပါသည်ဟု မြို့နယ်ပညာရေးမှုးရုံးမှထုတ်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/307803167692861

Leave a Reply

Your email address will not be published.