ပထမဆုံးအကြိမ်အဖြစ် ကေအိုင်အေက ပူတာအိုလေဆိပ်ကို ပစ်ခတ်တိုက်ခိုက်

By Mizzima/ 2021 June 6

ပထမဆုံးအကြိမ်အဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပူတာအိုလေဆိပ်ကို ဒီကနေ့မနက်ပိုင်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။

ပူတာအိုမြို့မှာက အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ကေအိုင်အေတပ်များအကြား ပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ၊ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လွှမ်းမိုးမှုရှိနေခဲ့တဲ့ ဒေသဘဲဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ တပ်မဟာ ၁ လက်အောက်ခံ KIA တပ်ရင်း ၇ မှ အခုလို ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ကေအိုင်အေ သတင်းနှင့် ပြန်ကြားရေးဌာနကသိရပါတယ်။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုကြောင့် လေဆိပ်က ရုံးအဆောက်အအုံ တစ်ခု ထိခိုက်သွားတယ်လို့ကြားရပေမယ့်၊ လူအထိခိုက်မှု ရှိမရှိတော့ သိရှိနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။

အခုရက်ပိုင်း ပူတာအိုမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေတို့ တိုက်ပွဲ​​ဖြစ်ပွားနေတာဘဲဖြစ်ပါတယ်။

https://www.facebook.com/MizzimaDaily/posts/4439457719422432

Leave a Reply

Your email address will not be published.