နည်းပညာမြင့်မားလာတဲ့ အခုခေတ်ကာလမှာ ရခိုင်ပြည်က မျိုးဆက်သစ်လူငယ်တွေကို စွမ်းရည်တွေမြှင့်တင်ပေးဖို့ လိုအပ်နေပါတယ်။ ရခိုင်ပြည်ထဲက မြို့နယ်တော်တော်များများမှာ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ နိုင်ငံရေးသိပ္ပံနဲ့ အခြား လူ့အခွင့်အရေးဆိုင်ရာ၊ အမျိုးသမီးအခွင့်အရေးနဲ့ ဖက်ဒရယ်ရေးရာတွေကို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပရဟိတလူငယ်အသင်းအဖွဲ့တွေက သင်ကြားနေကြတယ်လို့ သိရပါတယ်။ စစ်တွေမြို့မှာ ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံးက အခမဲ့သင်ကြားပေးနေတဲ့ သင်တန်းမှာဆိုရင် နိုင်ငံရေးသိပ္ပံနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဘာသာရပ်တွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

By Development Media Group (DMG)/ 2021 June 8

https://www.facebook.com/dmgnewsagency/posts/2032974416854959

Leave a Reply

Your email address will not be published.