By Western News/ 2021 June 22

ယခုနှစ်စိုက်ပျိုးရာသီတွင် ဓာတ်မြေဩဇာဈေးနှုန်းများ ယခင်နှစ်ကထက်မြင့်တက်နခြင်းကြောင့် စိုက်ပျိုးရေးလုပ်ဆောင်ရာတွင် အခက်ကြုံနေရကြောင်း လယ်သမားများ၏ ပြောဆိုချက်အရသိရသည်။
မြေဩဇာဈေးနှုန်းများမှာ ယခင်နှစ်များထက်ပိုမိုမြင့်မားနေသောကြောင့် လိုအပသလောက်သုံးစွဲနိုင်မှုမရှိဘဲဖြစ်နေ ကြောင်းနှင့် စပါးထွက်နှုန်းနည်းမည်ကိုစိုးရိမ်ကြောင်း ပေါက်တောပြင်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးကျော်တန်မြ ကပြောသည်။
“ဒီနှစ်လယ်လုပ်ရတဲ့ထဲ အခက်အခဲအဖြစ်ဆုံးက မြေဆီဈေးတွေ ခေါင်ခိုက်နေတာပါပဲ။တခြားနှစ်တွေနဲ့စာရင် ဒီနှစ်က ဈေးအတက်ဆုံးပဲ။ မြေဆီဈေးတွေတက်တော့ ကျနော်တို့လယ်တွေမှာ လိုအပ်သလောက်အသုံး မပြုနိုင်ဘူးဖြစ်နေတယ်။ အဲလိုမသုံးစွဲနိုင်တော့ စပါးအထွက်နှုန်းတွေ ကျမှာလည်းစိုးတယ်” ဟုဆိုသည်။
မြေဆီဩဇာများဈေးတက်မှုကြောင့် လယ်ဧကများအားလုံးကို စိုက်ပျိုးမှုမပြုလုပ်နိုငကြောင်းနှင့် မြေဆီဈေးတစ်ခု နှင့်ပင် ကုန်ကျစရိတ်အလွန်များနေပြီဖြစ်ကြောင်း မြောက်ဦးမြို့နယ်လက္ကာကျေးရွာမှ လယ်သမား ဦးခိုင်မောင်ဆန်း မှ ပြောသည်။
“မြေဆီဈေးတွေတက်နေတော့ လယ်လုပ်ရတာ ကုန်ကျစရိတ်တွေ ပိုများတာပေါ့။ အဲတော့ ရှိတဲ့လယ်လေးတွေ အကုန်မလုပ်နိုင်ဘူး။ ကျနော်တို့လယ်သမားတွေက အစတည်းက အရင်းအနှီးက များများစားစားရှိတာမဟုတ်တော့ အသုံးပြုတဲ့ပစ္စည်းတွေဈေးတက်လာရင် တော်တော်အခက်ခဲဖြစ်ပါတယ်” ဟုဆိုသည်။
ယခင်နှစ်များတွင် မြေဆီဈေးနှုန်းများမှာ တစ်အိတ်ကို ၂၅၀၀၀ ခန့်လောက်သရှိခဲ့သော်လည်း ယခုနှစ်တွင်မူ မြေဆီ (အမဲ) 50Kg တစ်အိတ်ကို ၄၄၀၀၀ ကျပ်၊ မြေဆီ(အဖြူ) 50kg တစ်အိတ်ကို ၄၂၀၀၀ ကျပ် အထိဈေးနှုန်းမြင့် မားသွားကြောင်း မြေဆီဩဇာ အရောင်းဆိုင်များမှသိရသည်။
ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်ခြင်းမှာ တရုတ်မှတင်ပို့မှုမရှိခြင်းကြောင့်နှင့် ဒေါ်လဈေးနှုန်းမှား မြင့်တက်နေမှုတို့ကြောင့် ဟု စစ်တွေမြို့ရှိ ဦးဘထွန်း မြေဆီဩဇာအရောင်းဆိုင်မှ ဒေါ်မေသန်းက ပြောသည်။
“မြေဆီဈေးတွေမြင့်တက်လာတာက ဒေါ်လာဈေးတွေတက်နေတာရယ် တရုတ်ဖကကတင်ပို့တာတွေမရှိတာရယ်ကြောင့်ပါ၊၊ ကျမတို့အရောင်းဆိုင်ကကျတော့ ရန်ကုန်ကနေမှာရတာ ဆိုတော့ သူတို့ဆီကဝယ်ရင်းကတင် ၄၂၅၀၀ နဲ့ဝယ်ရတယ်။ မြေဆီအမဲ ကျတော့ တရုတ်တစ်နိုင်ငံကပဲထုတ်တာဆိုတော့ သူတို့ဆီကတင်ပို့မှုရပ်နေရင် ရှိနေတဲ့ဟာတွေ ဈေးတက်နေတာပေါ့။ ခုလိုဈေးနှုန်းတွေတက်နေတော့ ကျမတို့ဆိုင်တွေလည်း ရောင်းအားတွေကျပါတယ်”ဟုဆိုသည်။
ရခိုင်ရှိလယ်သမားများတွင် ဓာတ်မြေဩဇာအပြင် ရေနံဆီနှင့် အခြားစိုက်ပျိုးရေးဆိုင်ရအသုံးစရိတ်များဖြစ်သည့် စက်ကိရိယာ ပစ္စည်းစရိတ်နှင့် လုပ်သားကြေး စသည့်အရာများအတွက်လည်း ယခင်နှစ်များထက် ကုန်ကျစရိတ်ပိုမို ကျခံနေကြရသည်။
https://www.facebook.com/westernnewsagency/posts/314738530332658