ထိုင်းအစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ တွေ့ဆုံမည်

By Western News/ 2021 June 16

ဓာတ်ပုံ- ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် PPST အစည်းအဝေးတစ်ခု။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ထိုင်းအစိုးရကိုယ် စား လှယ်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသားလက်နက်ကိုင် ၈ ဖွဲ့ တွေ့ဆုံမည်ဖြစ် ကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော PPST အဖွဲ့ ၏ ဇွန်လ ၈ ရက်နေ့ နေ့စွဲပါအကြောင်း ကြားစာ တစ်ခုအရ သိရှိရသည်။

ဇွန်လ ၇ ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ PPST ယာယီသဘာပတိ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ထိုင်းအစိုးရ ကိုယ်စား လှယ်တို့ တွေ့ဆုံ ဆွေးနွေးကြပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရန် ထိုင်းအစိုးရဘက်က တင် ပြ ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေကို ငြိမ်း ချမ်းစွာ ဖြေရှင်းရန် နည်းလမ်းရှာဖွေလျက်ရှိကြောင်း၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကို တစ်ဖွဲ့ချင်း ဆွေးနွေးလိုသော ကြောင့် မေးမြန်းစုံစမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းအစိုးရကိုယ်စားလှယ်၏ ကမ်းလှမ်းမှုအပေါ် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ခုတွင် ABSDF ၊ DKBA ၊ KNU ၊ KNU/KNLA-PC၊ LDU ၊ PNLO၊ NMSP၊ RCSS တို့ပါဝင်သည်။

ALP အနေဖြင့် ဒုတိယဥက္ကဋ္ဌဆေးရုံတက်နေရသဖြင့် အကြောင်းမပြန်နိုင်ဘဲ CNF ကလည်း အကြောင်း မပြန်နိုင်ကြောင်း၊ DKBA က Zoom ဖြင့် ဆွေးနွေးနိုင်သည်ဟု အကြောင်းပြန်ကြောင်း သိရှိရသည်။

ထိုင်းအစိုးရကိုယ်စားလှယ်က ဘန်ကောက်သို့ပြန်၍ တစ်ဖွဲ့ချင်းနှင့် ပဏာမ တွေ့ဆုံမည့်ကိစ္စကို ပြန်လည်စီစဉ်မည်ဖြစ်ပြီး စီစဉ်ပြီးစီးပါက တစ်ဖွဲ့ချင်းနှင့် တွေ့ဆုံမည့် နေ့ရက်နှင့် နေရာကို ထပ်မံအကြောင်းပြန်ကြားလာမည်ဖြစ် ကြောင်း၊ ယခု ပဏာမ တွေ့ဆုံမည့်ကိစ္စကို လူသိရှင်ကြား မဖြစ်စေလိုဟု ထိုင်းအစိုးရက မေတ္တာရပ်ခံကြောင်း၊ ပဏာမ တွေ့ဆုံမှုအတွက် အကြောင်း ကြားမှုမှာ ယခု ၁၀ ရက်အတွင်း ဖြစ်နိုင်မည်မဟုတ်သေးဟု ဖော်ပြထားကြောင်း သိရှိရသည်။

https://www.facebook.com/westernnewsagency/posts/311257577347420

Leave a Reply

Your email address will not be published.