ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့မှာ ရခိုင်ပြည်မှာ စွန့်ပစ်အမှိုက်တွေကို စနစ်တကျစွန့်ပစ်ကြဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ ရခိုင်လူငယ်တွေက တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။ ရခိုင်ပြည်က မြို့နယ်အားလုံးလိုလိုမှာ စွန့်ပစ်အမှိုက်တွေနဲ့ ပလက်စနစ်အမှိုက်တွေ ပေါများနေတယ်လို့ မျိုးဆက်သစ်လူငယ်တွေက ပြောဆိုနေကြပါတယ်။ ရမ်းဗြဲမြို့မှာဆိုရင် မြို့ရဲ့ အထင်ကရဖြစ်တဲ့ တန်းချောင်းမှာ စွန့်ပစ်အမှိုက်တွေနဲ့ ပြည်နှက်နေတယ်လို့ ရမ်းဗြဲလူငယ်ကွန်ယက် မစုမြတ်ထွေးက ပြောဆိုထားပါတယ်။

By Development Media Group (DMG)/ 2021 June 8

https://www.facebook.com/dmgnewsagency/posts/2032952836857117

Leave a Reply

Your email address will not be published.