ဇွန်လ ၄ ရက်နေ့ နံနက် ၁ နာရီက ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မှာ စစ်လက်နက်အကြွင်းအကျင်ပစ္စည်း ပေါက်ကွဲမှုကြောင့် လူလေးဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းတာဝန်ရှိသူတွေဆီက သိရပါတယ်။ အဲဒီဒေသခံ လေးဦးဟာ ဖားရှာရာကနေ ရရှိလာတဲ့ ဗုံးသီးကိုယူဆောင်လာပြီး နံနက် ၁ နာရီမှာ ဖားကိုမီးဖုတ်စဉ် မီးဖိုအနားမှာ ဗုံးသီးကိုထားရာ အပူလွန်ကဲပြီး ပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ ဖားအသေတွေနဲ့ ဗုံးသီးအစအနတွေ တွေ့ရတယ်လို့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး ဦးဝင်းကိုကိုက ပြောပါတယ်။

By Development Media Group (DMG)/ 2021 June 7

https://www.facebook.com/dmgnewsagency/posts/2032270676925333

Leave a Reply

Your email address will not be published.