စစ်တွေ ကမ္ဘောဇဘဏ် ထုတ်ငွေ‌တွေကို ကန့်သတ်လျှော့ချ

By RFA/ 2021 June 20

■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကမ္ဘောဇဘဏ်က ထုတ်ငွေတွေကို ဒီနေ့ကစပြီး ကန့်သတ်လျှော့ချလိုက်ပါတယ်။

အရင်က လူတစ်ဦးကို တစ်နေ့ နှစ်သိန်းနဲ့ တစ်ပတ်ကို အများဆုံး ငါးသိန်း ထုတ်ပေးခဲ့ရာကနေ ဒီနေ့ကစပြီး အထက်ညွှန်ကြားချက်အရဆိုပြီး တစ်ပတ်ကို အများဆုံး သုံးသိန်းသာ ထုတ်ပေးတော့မယ်လို့ တာ၀န်ကျ ဘဏ်၀န်ထမ်းတွေက ပြောပါတယ်။

ငွေထုတ်ယူသူတွေကိုလည်း ဘဏ်အခြေအနေပေါ်မူတည်ပြီး အရင်က တစ်နေ့ကို လူဦးရေ ၁၀၀ နဲ့ ၁၅၀ အထိ ထုတ်ပေးခဲ့ရာကနေ ဒီနေ့ကစပြီး အဲဒီပမာဏရဲ့ ထက်၀က်လောက်သာ ထုတ်ပေးတော့မယ်လို့ ဆိုပါတယ်။

ဒီကန့်သတ်ချက်အရ လူတစ်ဦးဟာ တစ်နေ့တည်း ငွေ သုံးသိန်းကျပ် ထုတ်ယူမယ်ဆိုရင် တစ်ပတ်ကို တစ်ရက်သာ ထုတ်ယူခွင့်ရရှိတော့မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တွေမြို့မှာ ဘဏ်အမှတ်(၁)၊ (၂) နဲ့ (၃) ကမ္ဘောဇဘဏ် သုံးခုရှိပြီး စာရင်းဖွင့်ထားတဲ့ဘဏ်မှာ ထုတ်ယူမှ ငွေသုံးသိန်းကျပ် အပြည့်ထုတ်ပေးမှာ ဖြစ်ပြီး အခြားဘဏ်အမှတ်တွေမှာ ထုတ်ယူမယ်ဆိုရင် တစ်သိန်းကျပ်သာ ထုတ်ပေးမှာဖြစ်တယ်လို့ ဘဏ်၀န်ထမ်းတွေက ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူတွေကို ရှင်းပြပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဘဏ်တွေက ငွေထုတ်ယူမှုတွေကို တဖြည်းဖြည်းကတ်သတ် လျှော့ချလာနေတာလည်း ဖြစ်ပါတယ်။

https://www.facebook.com/rfaburmese/posts/10161178816083128

Leave a Reply

Your email address will not be published.