စစ်တွေမြို့နယ်တွင် ၂ ရက်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်

By Western News/ 2021 June 25

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့ တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ တစ်ရက်တွင် ၇ နာရီတိုင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း စစ်တွေမြို့ EPC က ထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းမြို့တွင်ရှိသည့် ပင်ပဓာတ်အားခွဲရုံတွင် အလိုအလျာက်မီးအားထိန်းညှိပေးသည့်စနစ် ချို့ယွင်းသွားသောကြောင့် ပြုပြင်ရေး ဆောင်ရွက်ရန် ခေတ္တမီးဖြတ်တောက်ခြင်းဖြစ်သည်ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းမြတ်ဦးက Western News ကိုပြောသည်။

“ပုဏ္ဏားကျွန်းဓာတ်အားပေးစက်ရုံမှာ Main Transfer မှာ ချို့ယွင်းသွားလို့ ၂ ခါ ၃ ခါမီးပြတ်တောက်ခဲ့တယ်။ အဲ့ဒါကြောင့် အဲ့ဒီ အလိုအလျှောက်မီးအားညှိပေးတဲ့ စနစ်ကိုပြန်ပြုပြင်ဖို့အတွက် နံနက် ၉ နာရီကနေ ညနေ ၄ နာရီ အထိ စနေ ၊တနင်္ဂနွေ ၂ ရက်မီးပြတ်တောက်မှာပါခင်ဗျ”ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့တွင်ရှိသည့် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံရှိ 230/66/11KV, (3*33.33) MVA Single Phase Transformer များ၏ OLTC (3 )Nos ကိုထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည့်အတွက် ဇွန်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တွင် လျှပ်စစ်ဓါတ်အား ယာယီပြတ်တောက်မည်ဟု စစ်တွေမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက အသိပေးကြေညာသည်။

https://www.facebook.com/westernnewsagency/posts/317284170078094

Leave a Reply

Your email address will not be published.