By Narinjara/ 2021 June 24
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပွိုင့်ကမ်းခြေတွင် ယနေ့ ညနေ ၄ နာရီခန့်က အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။
၎င်းအလောင်းမှာ စစ်တွေမြို့၊ စံပြရပ်ကွက်မှ ဦးသန်းတင်(၇၂) နှစ်ဖြစ်ကြောင်း အလောင်းသယ်ယူပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမင်းထည်ဝါက နိရဥ္စရာသတင်းဌာနအားပြောသည်။
“ ဟုန်းလီဆိုင်နဲ့ ပွိုင့်နဲ့ကြားမှာတွေ့တာ။ ကမ်းခြေမှာတင်နေတာ။ ရေနစ်တာပါ။ သူက တွင်းလေဖြတ်နေတယ်လို့ သိရပါတယ်။ သူက အဲဒီမှာ လမ်းလျှောက်နေကျပါ။ တစ်ခြားဒဏ်ရာတွေလည်းမတွေ့ပါဘူး” ဟုပြောသည်။
၎င်းအား စစ်တွေဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ထားပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ရရှိထားပြီဖြစ်ကြောင်း သူကဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းအား ဖုန်းဖြင့်ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။
https://www.facebook.com/narinjara.info/posts/4437504179594958