စစ်တွေတွင် လျှပ်စစ်မီး နေ့အချိန် နှစ်ရက် ဆက်တိုက် ပြတ်မည်

By Narinjara/ 2021 June 25

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နေ့အချိန် နှစ်ရက်ဆက်တိုက် လျှပ်စစ်မီး ပြတ်တောက်မည်ဟု သတင်းရရှိသည်။

စစ်တွေမြို့တွင် ဇွန်လ ၂၆ ရက်(စနေနေ့)နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)နှစ်ရက်တွင် လျှပ်စစ်မီးပြတ်တောက်မည်ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ရှိ ၂၃ဝ ကေဗွီ ပုဏ္ဏားကျွန်းပင်မ ဓာတ်အားခွဲရုံကို အရေးပေါ်ထိန်းသိမ်းပြုပြင်ရန်လိုအပ်သည့်အတွက် မီးဖြတ်တောက်ရခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ(ယာယီ) ဦးအောင်ကမ္ဘာထွန်းက နိရဥ္စရာသတင်းဌာနအား ပြောသည်။

“ ပုဏ္ဏားကျွန်း ၂၃ဝ ခွဲရုံမှာ အရေးပေါ်ပြင်စရာရှိလို့ပါ။ ရန်ကုန်ကအဖွဲ့တွေက ဒီမှာလာပြုပြင်မှာဆိုတော့လေ။ Transformer တွေ ပြုပြင်မယ်လို့ပြောတယ်။”ဟုပြောသည်။

ယင်းကဲ့သို့ ပြုပြင်နေသည့်ရက်များအတွင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4440299575982085

Leave a Reply

Your email address will not be published.