စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ယာယီမှ အဆိုတော် ညီမင်းခိုင်နှုတ်ထွက်

By Western News/ 2021 June 3

စစ်ကောင်စီမှ ဖွဲ့စည်းထားသော မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ယာယီအမှုဆောင်အဖွဲ့တွင် စည်းရုံးရေးမှူးတာဝန် အဖြစ်ထည့်သွင်း ခံထားရသည့် တေးရေး၊ တေးဆို ညီမင်းခိုင်မှ နှုတ်ထွက်ကြောင်း ယနေ့ ညနေပိုင်းက သူ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး တေးရေး၊ တေးဆို ညီမင်းခိုင်အား ဆက်သွယ်မေးမြန်းရာတွင် နှုတ်ထွက်ခြင်းမှာ ဟုတ်မှန်ကြောင်း Western News ကိုအတည်ပြုသည်။

ညီမင်းခိုင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ” ချစ်သူကိုတောင်မစည်းရုံးနိုင်တာဗျာ။ လူကြီးမင်းများအားလုံး နားလည်ပေးကြပါ။ လေးစားစွာဖြင့် နှုတ်ထွက်အပ်ပါသည်”ဟုရေးသားထားသည်။

ယင်းအပြင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ်ထည့်သွင်းခြင်း ခံထားရသည့် အဆိုတော် မနောသည်လုပ်ဆာင်ရန် အခက်အခဲရှိသောကြောင့် ဇွန် ၃ ရက် ရက်စွဲဖြင့် မေတ္တာရပ်ခံစာ ပို့ထားသည်ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

https://www.facebook.com/westernnewsagency/posts/303396394800205

Leave a Reply

Your email address will not be published.