ကောင်စီနှင့် ပြည်နယ်ပညာရေးမှူး ခွင့်ပြုချက်ရမှ ပလက်ဝမြို့တွင် စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်မည် ဟုဆို

By Western News/ 2021 June 22

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှပိတ်ထားခဲ့ရသည့် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်မှ အခြေခံပညာ သင်ကျောင်းကို ပြည်နယ်ကောင်စီနှင့် ပြည်နယ်ပညာရေးမှူး၏ ခွင့်ပြုချက်ရရှိမှသာပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပလက်မြို့နယ် ပညာရေးမှူးရုံးကပြောသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် အခြေခံပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ပြည်နယ်ကောင်စီနှင့် ပြည်နယ် ပညာရေးမှူးထံစာတင်မည်ဖြစ်ပြီး ၎င်းတို့ကခွင့်ပြုမှသာပြန်လှည်ဖွင့်လှစ်မည်ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဦးကီးလောဟာက Western News သို့ပြောသည်။

“ကျွန်တော်တို့ကျောင်းတွေကိုပြန်လည် ဖွင့်လှစ်ဖို့အတွက် ပြည်နယ်ပညာရေးမှူးထံ အစီရင်ခံစာဒီနေ့ကျွန်တော် တင်ပြအုံးမယ်။ ပြည်နယ်ပညားရေးမှူးရုံးနဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကခွင့်ပြုချက်ရရင်ပြန်ဖွင့်လို့ ရပြီ ပေါ့ ”ဟုသူကပြောသည်။

ပလက်ဝမြို့တွင် ကိုဗစ်၁၉ ‌ရောဂါပိုးကူးစက်ခံရမှုများရှိခဲ့သောကြောင်းဇွန်လ ၉ ရက်နေ့မှစ၍ အခြေခံပညာ ကျောင်းများအား ရက်အကန့်သတ်မရှိပိတ်ထားခြင်းဖြစ်သည်။

ပလက်ဝ အခြေခံပညာကျောင်းများအား ခေတ္တယာယီ ပိတ်ထားသည့် ကာလအတွင်း ကျောင်း၊ ရုံးဝန်ထမ်းများအား ခရီးသွားလာမှုများ မလုပ်ကြဖို့ မိမိတို့တာဝန်ကျသည့် ကျေးရွာများတွင်သာ အဆင်သင့်ရှိနေကြရန်နှင့် ပလက်ဝ မြို့နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/315203630286148

Leave a Reply

Your email address will not be published.