By Western News/ 2021 June 23
ကိုဗစ်ရောဂါကြောင့်ရက်အကန့်သတ်မရှိပိတ်ထားသည့် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်မှ အခြေခံပညာသင် ကျောင်းများကို ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ပြည်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးကပြောသည်။
အခြေခံပညာသင်ကျောင်းများအားလုံးကို ဇွန်လ ၉ ရက်နေ့မှစ၍ ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့အထိ လခွဲကြာ ပိတ်ထားပြီးနောက် ယနေ့တွင် ပြန်လည်ဖွင့်ပေးခြင်းဖြစ်သည်။
အခြေခံပညာသင်ကျောင်းများအားလုံးကို မြို့နယ်ဆရာဝန်ကြီး၏ သဘောသတ်မှတ်ချက်နှင့် မြို့နယ် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ကျောင်းများအားလုံးကို ယနေ့ ပြန်လည်ဖွင့်လှစ် ပြီဖြစ်ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူး ဦးကီးလောဟာ က Western News သို့ပြောသည်။
“အခြေခံပညာသင်ကျောင်းတွေအားလုံးကို ဒီနေ့ပဲပြန်ဖွင့်လိုက်ပါပြီ။ မနေ့က တော့ ပြည်နယ်ကောင်စီနဲ့ ပြည်နယ် ပညာရေးမှူးထံကို တင်ပြထားတယ်။ မြို့နယ် ဆရာတန်ရဲ့သဘောသတ်မှတ်ချက်နဲ့မြို့နယ် ကိုဗစ် ၁၉ ထိန်းချူပ် ရေးကော်မတီအစည်း အဝေးရဲ့ ဆုံးဖြတ်ချက်အရပြန်လည်ဖွင့်လှစ်တာဖြစ်ပါတယ်”ဟုပြောသည်။
ပလက်ဝမြို့နယ်မှ အခြေခံပညာသင်ကျောင်းများကို ပလက်ဝမှ ကိုဗစ် ၁၉ ရောဂါ ၇ ဦးတွေ့ရှိပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စ၍ တမြို့နယ်လုံးမှ အမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကို ရက်အကန့်အ သတ်မရှိပိတ်ထားခဲ့ခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၃၈၂ ကျောင်းခန့် ရှိသည့် မြို့နယ်လည်း ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/315947876878390