ကာကွယ်ဆေးထိုးနှံပြီးမှ Covid ပိုးတွေ့ရှိသူ ရခိုင်တွင် ၄ ဦးထိရှိလာ

By Western News/ 2021 June 27

ရခိုင်တွင် Covid ကာကွယ်ဆေးထိုးထားသူများ၌ Covid ပိုးတွေ့ရှိသည်မှာ ၄ ဦးထိရှိပြီဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးဌာန၏ အတည်ပြုချက်အရသိရသည်။

Covid ကာကွယ်ဆေးများကို ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းနှင့် တစ်ခြားဌာနဆိုင်ရာ ဝန်ထမ်းများအား ဦးစားပေးထိုးပေး ထားသော်လည်း ယခုပိုးတွေ့ရှိသူများမှာ အဆိုပါ ဌာနဆိုင်ရာများမှ ဖြစ်နေ ကြောင်းတွေ့ရသည်။

ယခင် ထိုးနှံထားသည့် Covid ကာကွယ်ဆေးမှာ အိန္ဒိယအစိုးရက မြန်မာနိုင်ငံကို အခမဲ့ပေးလှူခဲ့သော ကာကွယ် ဆေးဖြစ်ပြီး ဒေသအခေါ်အရ ကိုဗီရှီး ဟုခေါ်သော ကာကွယ်ဆေးဖြစ်သည်။

အဆိုပါပို့တွေ့ရှိသူများမှာ မောင်တောမြို့နယ်မှ ၃ ဦး၊ သံတွဲမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးထားပြီး ပို့တွေ့ရှိသည့် အပေါ် တစ်စုံတစ်ရာမှတ်ချမပြုနိုင်ကြောင်း ရခိုင်ပြည်နယ် ကျန်မာရေးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် ကပြောသည်။

“ကာကွယ်ဆေး ထိုးထားပြီး Covid ပိုးတွေ့တဲ့သူ ၄ ဦးရှိတယ်။ မောင်တောက ၃ ယောက် သံတွဲက ၁ ယောက်။ ဒီလို ကာကွယ်ဆေးထိုးထားသူတွေမှာ ပိုးတွေ့ရှိတာနဲ့ပတ်သက်ပြီး ဆရာလည်းမပြောတတ်ဘူး။ ကာကွယ်ဆေးတွေ ကတော့ အတိုင်းအတာတစ်ခုထိတော့ ကာကွယ်ပေးပါတယ်”

ဟုဆိုသည်။

Covid နှင့်ပတ်သက်၍ ကျန်းမာရေးဌာနအနေဖြင့် ရောဂါရှာဖွေရေးအပိုင်း၊ ကုသရေးပိုင်းနှင့် ကူးစက်နိုင်ခြေမြင့်မား သည့်အုပ်စုများကို ခွဲတမ်းရထားသည့် တရုတ် Covid ကာကွယ်ဆေးထိုးပေးခြင်းတို့ လုပ်ဆောင်ပေးနေကြောင်း ဒေါက်တာ စိုးဝင်းပိုင်မှ ဆက်ပြောသည်။

“Covid နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကျန်းမာရေးဘက်က ရောဂါကိုစောစောရှာဖွေနိုင်ဖို့နဲ့ ကုသရေးပိုင်း တွေရယ် ပြီးတော့ ကာကွယ်ရေးအနေနဲ့ ကူးစက်နိုင်ခြေမြင့်မားတဲ့အုပ်စုတွေကို ခွဲတမ်းရထားတဲ့ တရုတ်ကာကွယ် ဆေးကို ရဝဲ့လူဦးရေပေါ်မူတည်ပြီး ဦးစာပေးအုပ်စုအနေနဲ့ ကျနော်တို့ထိုးပေးနေပါတယ်။ ဒီလိုနည်းတွေနဲ့ ကာကွယ်ဖို့ကြိုးစားနေတယ်ပေါ့နော်”

ဟုဆိုသည်။

အိန္ဒိယနိုင်မှလှူဒါန်းသည့် ကိုဗီရှီး covid ကာကွယ်ဆေးကို ရခိုင်ရှိလူဦးရေ ၁၀၁၀၀၀ ကျော်အားထိုးနှံပေးခဲ့ပြီး ဆေးအလုံးရေအားဖြင့် ၁၉၂၀၀ ခန့်ရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ အချက်အလက်များအရသိရသည်။

ရခိုင်တွင် မေလမှစ၍ ဇွန်လကုန်နီးအထိ Covid ပိုးတွေ့ရှိသူ ၁၀၂ ဦးရှိပြီဖြစ်ပြီး ပိုးတွေ့လူနာများမှာ စစ်တွေ၊ မောင်တောနှင့် သံတွဲမြို့တို့မှဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/318543649952146

Leave a Reply

Your email address will not be published.