UEC ရွေးကော်သစ်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ ရခိုင်မှ ပါတီ ၅ခုအပါအဝင် ၅၉ပါတီတက်ရောက်

By Narinjara/ 2021 May 21

ထက်အောင်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အသစ်နှင့် နိုင်ငံရေးပါတီများ ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ ရခိုင်ပြည်နယ်မှ ပါတီ ၅ ပါတီအပါအဝင် စုစုပေါင်း ၅၉ ပါတီတက်ရောက်ခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်မှ တက်ရောက်ခဲ့သည့်ပါတီများမှာ မြိုတိုင်းရင်းသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့်  ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့ဖြစ်ကြသည်။

မူလက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖိတ်ကြားထားသည့် (၉၁) ပါတီ အနက် (၆၂) ပါတီက ဆွေးနွေးရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မည်ဟု အကြောင်းပြန်ထားသော်လည်း ယနေ့ အစည်းအဝေးသို့ တက်ရောက်လာချိန်မှာ (၅၉) ပါတီသာ တက်ရောက်ခဲ့ပြီး (၃) ပါတီမှာ တက်ရောက်ဖို့ ပျက်ကွက်ခဲ့ကြောင်း ယင်းအစည်းအဝေးမှာ သတင်းသွားရောက်ယူနေသည့် သတင်းထောက်တစ်ဦးက  ပြောသည်။

တွေ့ဆုံဆွေးနွေးကို ယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည်။

စာရင်းပေးထားပြီးမှ တက်ရောက်ရန် ပျက်ကွက်သော ပါတီများမှာ လမ်းပြကြယ်ပါတီ၊ မြန်မာအမျိုးသားကွန် ဂရက်ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တို့ ဖြစ်ကြောင်း သိရသည်။

ယနေ့တွေ့ဆုံပွဲသို့ ရခိုင်မှ ပါတီနှစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ တက်ရောက်ခြင်းမရှိဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4337179666294077

Leave a Reply

Your email address will not be published.