NSPNCနှင့် ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ALP တို့ တွေ့ဆုံ

By Narinjara/ 2021 May 14

ချစ်အိလှိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)မှ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ  (NSPNC) နှင့် ဒေါ်စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ-၃) ဦးဆောင်သည့်အဖွဲ့တို့သည်  ယမန်နေ့ မေလ ၁၃ ရက်နေ့က တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတွေ့ဆုံပွဲကို ယင်းနေ့ နံနက် ၁ဝ နာရီက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခမ်းမတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

၄င်းတွေ့ဆုံမှုတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒေါ်စောမြရာဇာလင်းမှ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးတင်ပြခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံတော်ပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

၄င်းဒေါ်စောမြရာဇာလင်းတို့၏ တင်ပြချက်အပေါ် ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားဖြစ်ကြောင်းလည်း ပါရှိသည်။


ယင်းနောက် ရခို်င်ပြည်လွတ်မြောက်ရေးပါတီမှ ဒုဗိုလ်မှူးကြီးခိုင်ကျော်လှိုင်အားဆက်သွယ်ရာသူက “ ကျွန်တော်တို့ ဒီဟာနဲ့ပတ်သက်ပြီးအပေါ်က အမိန့်တစ်စုံတစ်ရာမရှိတဲ့အတွက် အင်တာဗျူးပိုင်ခွင့် မရှိပါဘူး။ ကျွန်တော်တို့ ပါတီဗဟိုက ညွှန်ကြားထားပြီးသားပါ။ ဆရာမကိုမေးရင်လည်း အလကားဖြစ်ပါလိမ့်မယ်” ဟုပြောသည်။

၄င်းတွေ့ဆုံဆွေးနွေးမှု၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းထားသည့် အမျိုးသား စည်းလုံး ညီညွှတ်ရေးနှင်  ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်မှူးကြီး ရာပြည့်၊ ကော်မတီအတွင်းရေး၊ ကော်မတီဝင်များ၊ ကော်မတီအတွင်းရေးမှူးနှင့် အမျိုးသား စည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးနှင့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)မှ ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် အဖွဲ့ဝင်တို့တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4314946065184104

Leave a Reply

Your email address will not be published.