NLDမှ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ ရန်ကုန်တွင်အဖမ်းခံရ

By Narinjara/ 2021 May 13

ထက်အောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို ရန်ကုန်တိုင်းအတွင်း ယနေ့ မေလ ၁၂ ရက်နေ့ ညနေပိုင်း ၈ နာရီလောက်၌ စစ်တပ်၏ဖမ်ဆီးခြင်းကိုခံလိုက်ရကြောင်း ဒေါ်နီနီမေမြင့်၏ ခင်ပွန်းသည် ကိုလင်းနိုင်က အတည်ပြုပြောသည်။

“ နီနီအဖမ်းခံရတာဟုတ်ပါတယ်။ သူတို့ဘယ်လိုဖမ်းဆီးခံရတယ်ဆိုတာ အတိအကျမသိပါဘူး။ သူနဲ့ အဆက်အသွယ်ပြတ်နေတာ (၁) လလောက်ရှိပြီ။ ဒီညနေ ၈ နာရီလောက်က ရန်ကုန်မှာ အဖမ်းခံရတယ်။ ကျနော်အခုထိဘာမှမသိရသေးဘူး။” လို့ ကိုလင်းနိုင်က ပြောသည်။

ဒေါ်နီနီမေမြင့်၏ သမီးဖြစ်သူကို စစ်တပ်က အစ်မဖြစ်သူထံသို့ လာရောက်ပို့ဆောင်ခဲ့သည်ဆိုသော သတင်းတစ်ခုကြားရပြီး ဒေါ်နီနီမေမြင့် နှင့်အတူ ဒေါ်ချစ်ချစ်ချောလည်း ဖမ်းဆီးခံရကြောင်း သူကဆက်ပြောသည်။

လွန်ခဲ့သော မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရခိုင်ပြည်နယ်၊ ဒုတိယဥက္ကဌ ဦးစိုးလေး၊ NLD ဗဟို လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်တို့ကို ရန်ကုန်တိုင်းအတွင်း စစ်တပ်နှင့် ရဲ၏ ဖမ်းဆီးမှုကိုခံလိုက်ရကာ လက်ရှိအချိန်ထိ သူတို့ကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို သတင်းအစအန မရဘဲဖြစ်နေသည်။

https://www.facebook.com/narinjara.info/posts/4310830665595644

Leave a Reply

Your email address will not be published.