Green Sittwe လူငယ်များ ဦးစီးဖွင့်လှစ်သည့် ရွေ့လျားစာကြည်တိုက် စာဖတ်သူများလာ

By Western News/ 2021 May 29

Green Sittwe လူငယ်များက ဦးစီးဖွင့်လှစ်လျှက်ရှိသော ရွေ့လျားစာကြည့်တိုက်ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားပြီး လူငယ်များ စိတ်ဝင်တစားလာရောက်ဖတ်ရှုလျှက်ရှိကြသည်။

ယင်းစာကြည်တိုက်အား အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် ဖွင့်လှစ်လျှက်ရှိပြီး လက်ရှိတွင် ရာသီဥတုပေါ်မူတည်၍ နေရာပြောင်းရွေ့ သွားမည်ဟု Green Sittwe အဖွဲ့မှ မလှမိုးတာရာလှိုင်က ပြောသည်။

” ကျွန်မတို့ဒီစာကြည်တိုက် အဓိကဖွင့်ဖြစ်တဲ့ ရွယ်ရည်ချက်ကတော့ စာအုပ်စာပေတွေနဲ့ လူတွေပြန်လည်ထိတွေလာစေဖို့နှင့် လူတွေဟာ စာအုပ်ကိုချစ်လာစေဖို့,အတွက်အဓိကရည်ရွယ်ပြီးဖွင့်တာပါဟု”ပြောသည်။

ထိုစာကြည့်တိုက်တွင် သုတစာပေ၊ ရသစာပေ၊ကလေးများအတွက်ကာတွန်းစာစောင်များနှင့် ကဗျာစာအုပ်များ၊ နိုင်ငံခြားဘာသာပြန် စာအုပ်များနှင့် ရခိုင်ကဗျာစာအုပ်တို့စသည့် စာအုပ်ပေါင်း ၄၀၀ ကျော်ကို စီစဉ်ဌားရမ်းလျှက်ရှိသည်။

အဆိုပါရွေ့ပြောင်း စာကြည်တိုက်အား အပတ်စဉ် စနေ နေ့တိုင်း ညနေ ၄ နာရီမှ ညနေ ၇ နာရီအထိဖွင့်လှစ်လျှက်ရှိသည်။

https://www.facebook.com/westernnewsagency/posts/300188858454292

Leave a Reply

Your email address will not be published.