(၂၅)ကြိမ်မြောက် Human Right Press Awards ၂ဝ၂၁ ဆုရရှိသည့် ရခိုင်လူငယ် ဆောင်းပါးရှင် ကိုကျော်ဆန်းလှိုင်နှင့် အင်တာဗျူး

By Narinjara/ 2021 May 7

ချစ်အိလှိုင်

ကိုကျော်ဆန်းလှိုင်သည် သူ၏ သူငယ်ချင်းတစ်ဦးဖြစ်သည့် Emily Hannah နှင့် ပူးတွဲရေးသားခဲ့သည့် အမေရိကန် အခြေစိုက် TIME Magazine ၏ (၁၆/၁၁/၂၀၂၁) ပါ The People In Parts Of Myanmar Are Living Under The World’s Longest Internet Shutdown. It’s Putting Lives In Danger ဆောင်းပါးဖြင့် (၂၅)ကြိမ်မြောက် Human Right Press Awards ကို Emily Hannah နှင့် အတူ ပူးတွဲရရှိခဲ့သည်။ ၎င်းဆုကို မေလ ၆ ရက်နေ့က ချီးမြှင့်ခဲ့ပြီး အဆိုပါဆု ချီးမြှင့်ရခြင်းနှင့် ပတ်သက်ပြီး မချစ်အိလှိုင်က ဆက်သွယ်မေးမြန်းထားသည်။

မေး- အစ်ကိုက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ရေးတဲ့ ဆောင်းပါးဆုရရှိတယ်လို့ သိရတယ်။ ဒီအကြောင်းလေးပြောပြပေးပါ။

ဖြေ- ကျွန်တော်ကကျတော့ မြောက်ဦးမြို့နယ် ရွာလေးတစ်ရွာမှာမွေးပါတယ်။ ကျွန်တော်ကလက်ရှိ ပထမဆုံးကျတော့ ကျွန်တော်တို့ ရခိုင်အရေးနှင့် ပတ်သက်ပြီးတော့ နိုင်ငံတကာသတင်းမီဒီယာ တွေကနေပြီးတော့ တိုင်းမဂ္ဂဇင်းတို့ လိုနေရာတွေက ရခိုင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို နိုင်ငံတကာစာမျက်နှာပေါ်မှာရောက်ဖို့၊ နောက်ပြီး စစ်တပ်ရဲ့ ဒီလူ့အခွင့်ရေးချိုးဖောက်နေတဲ့ဟာကို နိုင်ငံတကာက သိရှိဖို့ပေါ့။ ဒီအပေါ်မှာ တစ်စုံတစ်ရာ လုပ်ဆောင်ချက်တွေကို တုန့်ပြန်မှုတွေ တစ်စုံတစ်ရာ ရရှိစေလိုတဲ့ အတွေးအခေါ်နဲ့လုပ်နေတာပါ။ လက်ရှိမှာတော့ ကျွန်တော်က စစ်အာဏာသိ်မ်းပြီးနောက်ပိုင်းမှာ သတင်းမီဒီလွတ်လပ်ခွင့်ဆုံးရှုံးမှုတွေ၊ လူ့အခွင့်ရေးဆုံးရှုံးမှုတွေ၊ နောက်ပြီးတော့ တိုင်းရင်းသားအရေးတွေကို နိုင်ငံတကာသတင်းဌာနတွေကို တောက်လျှောက် စာရေးနေပါတယ်။

မေး-ဘယ်လိုဆုမျိုးကို၊ ဘယ်ဆောင်းအပါးအပေါ်၊ ဘယ်လိုအဖွဲ့အစည်းကဆုချီးမြှင့်ခဲ့တာပါလဲ။

ဖြေ- အခုဆုကကျတော့ ကျွန်တော်တို့ ဟောင်ကောင်အခြေစိုက်ပေါ့နော် ဒီနိုင်ငံ တကာသတင်းမီဒီယာများအဖွဲ့(The Foreign Correspondents Club)ရယ်၊ ( Hong Kong Journalists Association) ရယ် ၊ ဟောင်ကောင်အခြေစိုက် နို်င်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International Hong Kong)ရယ်၊ သူတို့ သုံးဖွဲ့ကပေါင်းပြီးတော့ ပေးတာပေါ့။ ကျွန်တော်က ဘယ်ဆောင်းပါး အပေါ်မှာ ရတယ်ဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည်မှာ အင်တာနက် အင်တာနက် ပိတ်ဆို့မှုမှာ ကျွန်တော်တို့ ရခိုင်လူငယ်အနေနဲ့ ဘယ်လိုအခက်အခဲ ဒုက္ခတွေ ရှိနေလဲ။ အခက်အခဲ အတားအဆီးတွေ ရှိနေလဲ။ ပြီးတော့ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးနေရတဲ့ အပေါ်မှာ ရေးထားတာပါ။ ဒီဆောင်ပါးကိုကျတော့ ကျွန်တော်က တိုင်းမ် မဂ္ဂဇင်း( Time Magazine) မှာ ရေးထားတာပါ။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ အမြင်သစ်တွေပေါ့နော်။ အဲဒီမှာ Time Magazine မှာကျတော့ Ideal Section လို့ခေါ်တယ်။ အဲဒီမှာရေးထားပြီးတော့ ကျွန်တော်က အခုဒီဆုကို ရတာပါ။

မေး- ဒီဆောင်းပါးကို ဘာကြောင့် ဆုချီးမြှင့်ခံခဲ့ရတယ်လို့ အစ်ကိုအနေနဲ့မြင်ပါလဲ။

ဖြေ- အခုဆောင်းပါးကျတော့ ကျွန်တော်က ဒီဆောင်းပါးကို ရေးပြီးတော့ ကျွန်တော်ရေးထားတဲ့ဟာကို သူတို့ဆီမှာ တင်ပြတာပေါ့နော်။ ကျွန်တော့အနေနဲ့ ဒီဆောင်ပါးက တစ်စုံတစ်ရာ လက်ရှိရခိုင်ပြည် လူငယ်ထုပေါ့နော်။ ကိုဗစ် ၁၉ ကာလမှာ အသည်းအသန်ဖြစ်နေတဲ့အချိန်မှာ အင်တာနက်မရဘူး တစ်ဖက်မှာလည်း လက်နက်ကိုင်ပဋ္ဋိပက္ခရှိနေတယ်။ သူတို့ရဲ့ကျန်းမာရေး၊ ပညာရေး လူမှုရေး အခြေအနေကအစပေါ့။ အရမ်းဆုံးရှုံးနေတယ်။ သူတို့ရဲ့ ပညာရေးလမ်းကြောင်းတွေ၊ ပညာရေး အခွင့်အလမ်းတွေ ပျောက်ဆုံးနေတယ်ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း မြောက်ဦးမြို့နယ်က လူငယ်တစ်ယောက်ဖြစ်တယ်ပေါ့နော်။ အဲဒီမှာ ကျွန်တော်ရဲ့ ဖြတ်သန်းလာရတဲ့အကြောင်း နဲ့ ကျွန်တော်က ယှဉ်တွဲပြီးတော့ ရေးထားတာပါ။ ဒီအပေါ်မှာ ကျွန်တော်မြင်တာက လက်ရှိကမ္ဘာမှာလည်း ကပ်ရောဂါဖြစ်နေတယ်ပေါ့နော်။ အခြားနို်င်ငံတကာဖက်က ပြန်ပြီးကြည့်ရင်လည်း ကိုဗစ် ၁၉ ကာလဖြစ်တဲ့ အတွက်ကြောင့် အခြားဗမာပြည်ဖက်က လူငယ်ပဲ ဖြစ်ဖြစ်ပေါ့နော်၊ လူငယ်တွေ အကုန်လုံးက အင်တာနက်ပေါ်ကို ရောက်ပြီးတော့ သူတို့ရဲ့စာကြည့်တိုက်လို၊ တက္ကသိုလ်လို ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်ဖက်မှာ လူငယ်တွေကတော့ အဲလိုအခွင့်အရေးကို မရဘူး။ မရတဲ့အတွက် အခွင့်အရေးကို ဆုံးရှုံးနေတဲ့အတွက်ကြောင့် လူအခွင့်ရေးအရဆိုရင် ပထမဆုံးအချက်ဆိုရင် သတင်းကို လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်တွေလို တကယ့်အခြေခံကျတဲ့ အချက်တွေကို မရဘူး။ အဆုံးရှုံးခံနေရတယ်။ပြီးတော့ အင်တာနက်ပိတ်ထားတာလည်း နည်းတာမဟုတ်ဘူးပေါ့နော်။ ကမ္ဘာ့အကြာဆုံးအင်တာနက် ပိတ်ထားပြီးတဲ့နောက် ဒီလူငယ်တွေရဲ့ အခွင့်အလမ်းတွေကို ဆုံးရှုံးနေရတယ်ဆိုတဲ့ သဘောသဘာဝတွေကို ဆောင်တဲ့အတွက်ကြောင့် ကျွန်တော့အနေနဲ့မြင်တာက ဒီပေါ်မှာ သူတို့အနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာကို ထင်ဟပ်စေတဲ့အတွက်ကြောင့် ပေးတာလို့ကျွန်တော့အနေနဲ့ ယူဆပါတယ်။

မေး- ဒီဆောင်းပါးကို ဘာကြောင့် ရေးဖြစ်ခဲ့တာပါလဲ။ဖြေ- ကျွန်တော်တို့ ရခိုင်ပြည်မှာပေါ့နော်။ အင်တာနက်ပိတ်ဆို့ခံထားရတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ၊ကျွန်တော်တို့ မိဘတွေက အစပေါ့နော်။ ဒီအထူးသဖြင့် ရခိုင်ပြည်နောက်ပိုင်း ၈ မြို့နယ်ရယ်။ ပလက်ဝရယ်ပေါ့။ လူငယ်တွေအများကြီးနေထိုင်ကြတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ရခိုင်မှာ မရှိဘူးပေါ့နော်။ ကျွန်တော်ရခိုင်မှာ မရှိလို့လည်း ကျွန်တော်ဒီဆောင်းပါးကို စရေးဖြစ်တာပေါ့။ သူတို့ရဲ့ နေ့စဉ်ဓူဝ ခံစားနေရတဲ့အကြောင်းအရာတွေ အပေါ်မှာ ကျွန်တော့အနေနဲ့ အရမ်း စိတ်မကောင်းဖြစ်တယ်။ ဥပမာဆိုရင် ကျွန်တော်တို့ဖက်ကဆိုရင် ကိုဗစ်-၁၉ လို့ သူတို့မသိဘူး။ တရုတ်ပြည်ဖက်ကနေလာတဲ့ ရောဂါပိုးပေါ့နော်။ ဒီရောဂါပိုးကို ပျောက်ကင်းမယ်ဆိုရင် အရက်သောက်ရတာတို့။ ငရုတ်ကောင်းကို ထောင်းပြီးသောက်ရတာတို့ အဲလိုပုံစံမျိုးတွေ အများကြီးရှိတယ်။ ဒီလိုပုံစံမျိုးတွေသတင်းအချက်အလက်တွေ မှားယွင်းပြီးတော့ ဖြစ်နေတာက အင်တာနက်ဖြတ်တောက်မှုကြောင့်ဖြစ်တယ်။ ဒီအပေါ်မှာ ကျွန်တော့အနေနဲ့ အရမ်းခံစားရတယ်။ ဒါကြောင့်ကျွန်တော် ဒီဆောင်းပါးကို တစ်လကျော် နှစ်လလောက် ရေးလိုက်ရတယ်ပေါ့။ ကျွန်တော်ရေးတာ တစ်ပတ်ဆိုပေမယ့် အယ်ဒီတာနဲ့ အပြောင်းအပြန် လုပ်လိုက်တော့ တစ်လကျော်၊ နှစ်လလောက် ဖြစ်သွားတယ်ပေါ့။

မေး- ဒီဆုရတဲ့အပေါ်ဘယ်လိုခံစားရပါလဲဖြေ- ဒီဆုရတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲဆိုတော့ ကျွန်တော့ရဲ့ ကြိုးစား အားထုတ်မှုပေါ်မှာ တစ်စုံတစ်ရာ အသိအမှတ်ပြုတာလည်း ဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးပေါ့နော်။ ကျွန်တော့ သူငယ်ချင်းတွေ၊ ကျွန်တော့ မိဘတွေ ကျွန်တော်တို့ ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ လူငယ်တွေ၊ ပြီးတော့ သူတို့ရဲ့ဆုံးရှုံးနေရတဲ့အခွင့်အလမ်းတွေကို တစ်စုံတစ်ရာ နေပြီးတော့ နိုင်ငံတကာက သိရှိရတဲ့အတွက်ကြောင့်လည်း ကျွန်တော့် အနေနဲ့ကျေနပ်တာပေါ့။ ဒါပေမယ့် အများကြီးကျေနပ်လားဆိုတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ လုပ်ဆောင်စရာရှိတာကို ဆက်လုပ် ရမယ်။ဒီလောက်နဲ့ပဲ ရပ်တန့်နေလို့မရတဲ့သဘောရှိတယ်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။

https://www.facebook.com/narinjara.info/posts/4292031764142201

Leave a Reply

Your email address will not be published.