အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ပြန်ထည့်

By Narinjara/ 2021 May 6

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန အောက်သို့ ပြန်ထည့်လိုက်ကြောင်း နစကကောင်စီမှ ထုတ်ပြန်ကြေညာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့ခဲ့သည်။

ယခု တစ်ဖန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြန်ထည့်ကာ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/4288884891123555

Leave a Reply

Your email address will not be published.