သံတွဲတွင် ၈ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကျင်းပ

By Development Media Group (DMG)/ 2021 May 25

ရခိုင်ပြည် သံတွဲမြို့တွင် ယနေ့ မေလ ၂၆ ရက်နေ့တွင် ကျရောက်သည့် ၈ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားပွဲတော်ကို သံတွဲမြို့ ဒွါရာဝတီခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ၈ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို သံတွဲမြို့နယ် ငွေသဇင်ဖောင်ဒေးရှင်းနှင့် လူငယ်အဖွဲ့တို့မှ ပူးပေါင်းကာ လုပ်ဆောင်ခြင်းဖြစ်ပြီး သံတွဲမြို့နယ်မှ လူမှုအဖွဲ့အစည်းများနှင့် ချင်းလူမှုအဖွဲ့အစည်းများအပြင် ဒေသခံများလည်း တက်ရောက်ခဲ့ကြသည်။

https://www.facebook.com/dmgnewsagency/posts/2022941274524940

Leave a Reply

Your email address will not be published.