သာသနာ့တော်၏ အမြင့်ဆုံးဘွဲ့တံဆိပ်ကို ရရှိခဲ့အတွက် မဏိရတနာဆရာတော်ဘုရားကြီးအား ထပ်ဆင့်ပူဇော်

By Development Media Group (DMG)/ 2021 May 11

ရခိုင်ပြည် စစ်တွေမြို့ လောကနန္ဒာစေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်၌ နိုင်ငံတော်အစိုးရမှချီးမြင့်ခဲ့သော သာသနာတော်၏အမြင့်ဆုံးဘွဲ့တံဆိပ်တစ်ခုဖြစ်တဲ့ “အဘိဓဇမဟာရဌဂုရု” ဘွဲ့ကို မဏိရတနာဆရာတော်ကြီးအား အခုလ မေလ ၉ ရက်နေ့က ထပ်ဆင့်ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီထပ်ဆင့်ပူဇော်ပွဲကို ကျင်းပဖို့ ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပြီး၊ နပခတိုင်းမှူး၊ ဒကစမှူးတို့နဲ့ သက်ဆိုင်ရာ ဒကာ၊ ဒကာမတွေရဲ့စေတနာဖြင့် ထပ်ဆင့်ပူဇော်ရခြင်းဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမောင်သိန်းခိုင်က ဆိုပါတယ်။

https://www.facebook.com/dmgnewsagency/posts/2010969022388832

Leave a Reply

Your email address will not be published.