လက်နက်ကြီးကျည်ပေါက်ကွဲ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မင်းပြားဒေသခံ ၂ ဦး စစ်တွေဆေးရုံသို့ အရေးပေါ်ရောက်ရှိ

By Western News/ 2021 May 8

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် လက်နက်ကြီးကျည်တစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ဒဏ်ရာပြင်းထန် ရရှိသွားသည့် ကျေးရွာသား ၃ ထဲမှ ၂ ဦးမှာ မင်းပြားဆေးရုံမှတစ်ဆင့် ယနေ့ မေလ ၈ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့်တွင် စစ်တွေဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်အရေးပေါ်ရောက်ရှိလာသည်။

ဒဏ်ရာရရှိခဲ့သည်း ၊ မိခင်ဖြစ်သူဒေါ်လှကျော်နုမှာလည်း မင်းပြားဆေးရုံးကနေ စစ်တွေဆေးရုံသို့ လာနေကြောင်းဆွေးမျိုးဖြစ်သူများက ပြောသည်။ ဒဏ်ရာရရှိသွားသူများမှာ ဦးစိန်လှိုင် ၊ မိခင်ဖြစ်သူဒေါ်လှကျော်နု၊ ဦးအောင်ကျော်ညွှန့်တို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးစလုံးမှာ ခန္ဓာကိုယ်အနှံ့ အပြားတို့တွင် လက်နက်ကြီးစများထိခိုက်သွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

စပါးထားကျေးရွာနေ ဦးစိန်လှိုင်မှာ မေလ ၇ ရက်နေ့နံနက်ပိုင်းအချိန်ခန့်က ကျေးရွာအနီးရှိတောင်ပေါ်သို့ သွားရာမှာ စစ်ကျန်လက်နက် တစ်လုံးကောက်ရရာကနေ နေအိမ်သို့ယူဆောင်လာပြီးနောက် ညနေ ၈ နာရီကျော် အချိန်ခန့်တွင် အဆိုပါလက်နက်ကြီးကျည်အား ထုကြည့်ရာ မှပေါက်ကွဲသွားခြင်းဖြစ်သည်ဟု စပါးထားကျေးရွာမှ အုပ်ချုပ် ရေးမှုးဟောင်း ဦးဖြူလှကြီးက Western News သို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင်လည်း စပါးထားကျေးရွာအနီး လယ်ကွက်တစ်ခုတွင် တွေ့ရှိခဲ့သည့် မပေါက်ကွဲ သေးသော မိုင်းသီးတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်။

ရခိုင်တွင်၂ နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC)၏ မှတ်တမ်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/286038499869328

Leave a Reply

Your email address will not be published.