ရခိုင်မှ တက္ကသိုလ် ၂ ခုတွင် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသည့် ဆရာ၊ ဆရာမပေါင်း ၈၇ ဦးထိရှိ

By Western News/ 2021 May 9

ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်တက္ကသိုလ်တို့တွင် တာဝန်မှယာယီရပ်ဆိုင်းခံထားရသည့် ဆရာ၊ ဆရာမပေါင်း ၈၇ ဦးထိရှိသည်ဟု သက်ဆိုင်ရာတက္ကသိုလ်အသီးသီး၏ ထုတ်ပြန်ချက်များအရသိရသည်။

စစ်တွေတက္ကသိုလ်မှ တာဝန် ယာယီရပ်ဆိုင်းခံထားရသူများထဲတွင် ပါမောက္ခ ၅ ဦးနှင့် တွဲဖက်ပါမောက္ခ ၁၂ ဦးအပါအဝင် ၃၅ ဦးထိရှိကြောင်းသိရသည်။

စစ်တွေတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်မှ မေလ ၆ ရက်က လက်မှတ်ထိုးထုတ်ပြန်လိုက်သည့် တာဝန်မှယာယီ ရပ်ဆိုင်းကြောင်း အမိန့်စာထဲတွင် အဆင့်မြင့်ပညာဦးစီးဌာန၏ မေလ ၅ ရက်နေ့အကြောင်းကြားစာအရ အကြောင်းမဲ့ပျက်ကွက် နေသူများကို မေ ၃ ရက်မှစတင်ကာ တာဝန်မှယာယီရပ်ဆိုင်းလိုက်သည်ဟုဖော်ပြထားသည်။

ယင်းအပြင်တောင်ကုတ်တက္ကသိုလ်မှ တာဝန် ယာယီရပ်ဆိုင်းခံလိုက်ရသူများထဲတွင် ပါမောက္ခ ၅ ဦးနှင့် တွဲဖက်ပါမောက္ခ ၁၃ ဦးအပါအဝင် အရာထမ်းစုစုပေါင်း ၅၂ ဦးဖြစ်ကြောင်းသိရသည်။

တောင်ကုတ်တက္ကသိုလ်မှ တာဝန် ယာယီရပ်ဆိုင်းခံလိုက်ရသူအရာထမ်းများမှာခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သောအကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၅၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (က) နှင့် နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ (ခ) အရ တာဝန်မှယာယီရပ်ဆိုင်း လိုက်သည်ဟု မေလ ၇ ရက်က တောင်ကုတ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်(၂)ဒေါက်တာနီလာအောင်မှ လက်မှတ်ထိုး ထုတ်ပြန်လိုက်သည့် အမိန့်စာထဲတွင်ပါရှိသည်။

https://www.facebook.com/westernnewsagency/posts/286782283128283

Leave a Reply

Your email address will not be published.