ရခိုင်မှ ကျောင်းသားလေးဦး၏ အမှုတွင် လိုပြသက်သေများမလာ၍ လာမည့် ရုံးချိန်တွင် စွဲချက်အမိန့်ချမှတ်ရန် တင်ပြထား

By Western News/ 2021 May 31

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လူ့အခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြ၍ ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမ ကျောင်းသား ၄ ဦးအမှု ယနေ့ ရုံးချိန်းတွင်လည်း လိုပြသက်သေရောက်ရှိလာခြင်းမရှိသောကြောင်း နောက်တစ်ပတ်သို့ ထပ်မံချိန်းဆိုလိုက်သည်။

အဆိုပါအမှုတွင် လိုပြသက်သေ ၇ ဦးရှိသည့်အနက် ယင်းထဲမှ ၃ ဦးသာ စစ်ဆေးခဲ့ရပြီး ကျန်လိုပြသက်သေ ဖြစ်သည့်ရဲတပ်သား ၄ ဦးမှာ နယ်ပြောင်းရွေ့သွားသောကြောင့်စစ်ဆေးနိင်ခြင်မရှိသဖြင့် လာမည့်ရုံးချိန်တွင် စွဲချက်အမိန့် ချပေးရန် တင်ပြထားခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် ကပြောသည်။

“စစ်ဆေးဖို့ ကျန်ရှိနေတဲ့ လိုပြသက်သေ ၄ ဦးက ရဲအရာရှိတွေဖြစ်နေကြတယ်။ သူတို့က တခြားတိုင်းနဲ့ပြည်နယ်တွေ ပြောင်းသွား ကြပြီ။ အဲတော့သူတို့ကို သီးခြားရမန်စာရယူပြီးတော့ အဲဒီသက်သေတွေရောက်မလာနိုင်တော့ဘူးဆိုရင် တရားရုံးက ဆက်လက်ပြီး သွားမှာပါ။ အဲဒီအတွက် ဒီအမှုကို မြန်မြန် စစ်ဆေးပေးဖို့တင်ပြထားတယ်။ တရားရုံးကလည်း တရားလိုထံသို့ မြို့နယ်မှူးထံကနေ သီးခြားစာစောင်ထုတ်ပြီး အကြောင်းပြန်ပေးဖို့ပြောထားတာတွေရှိတယ်။ တကယ်လို့ လိုပြသက်သေတွေသာ လာဖို့ခက်ခဲတယ်ဆိုရင် လာမယ့် နောက်အပတ်ရုံးချိန်မှာ စွဲချက်အမိန့်ချပြီး အမှုကိုဆက်လက်သွားမယ်”ဟု သူကပြောသည်။

ယခုကဲ့သို့ လိုပြသက်သေများမရောက်ရှိသောကြောင့်အမှုက တိုးတက်မှုမရှိ၍ ကျောင်းသားများအတွက်များစွာ နစ်နာမှုရှိနေသည်ဟု တရားလွှတ်တော်ရှေ့နေက ပြောသည်။ ၎င်းတို့ ကျောင်းသားအမှုကို လာမည့် ဇွန်လ ၁၁ ရက်နေ့ကိုထပ်မံ ရုံးချိန်းလိုက်ကြောင်းသိရသည်။

ပြီးခဲ့သည့်၂၀၂၀ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြသော ကျောင်းသား ၃ ဦးအား စစ်တွေမြို့နယ် အမှတ်(၁)ရဲစခန်းမှ ရဲမှူးဇော်နိုင်က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားလိုလုပ်ကာတရားစွဲဆိုခဲ့သည်။ အဆိုပါအမှုအတွက် ပြီးခဲ့သည့် မေလ ၆ ရက်နေ့က စစ်တွေခရိုင်တရား ရုံးက ဒဏ်ငွေ နှစ်သောင်းကျပ်ချမှတ်ခဲ့သည်။

ယင်းအပြင်အဆိုပါကျောင်းသားလေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်ကစစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြ ခဲ့ကြသည်။

ယင်းဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နှင့် တရား စွဲဆိုထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှ သ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုပုဒ်မ ၂၉ စသည့် ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆုင်ရာ စီမံခွန့်မှုပုဒ်မ ၂၉ဖြင့် တရားရင်ဆိုင်နေရသည့် ကျောင်းသားလေးဦးမှာ အကျဉ်းထောင်တွင်နေရသည်မှာ ၈ လထိကြာမြင့်နေပြီဖြစ်သည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုပုဒ်မ ၂၉ ဖြင့် လက်ရှိ တရား ရင်ဆိုင် နေရသော ကျောင်းသားများမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံကိုကျော်နိုင် ဌေး၊ တွဲဖက်ပြန်ကြားရေး တာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္က သိုလ်ရခိုင် ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/301443341662177

Leave a Reply

Your email address will not be published.