ရခိုင်ပြည်မှ တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့တဲ့ ကဏန်းကုန်သွယ်ရေး မူဆယ်လမ်းကြောင်းမှာ ပိတ်ပင်ထားတာကြောင့် ရခိုင်ကဏန်းရောင်းဝယ်ရေးလုပ်ငန်းရှင်တွေ အခက်အခဲဖြစ်နေကြပါတယ်။

By Development Media Group (DMG)/ 2021 May 25

ရခိုင်ပြည်မှ ကဏန်းကို တိုက်ရိုက်တင်ပို့တဲ့ မူဆယ်လမ်းကြောင်းမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်း စတင်ဖြစ်ပွားတဲ့အချိန်ကစလို့ ပိတ်ပင်ထားခဲ့တာဟာ အခုဆိုရင် ၈ လကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။အဲဒီလို ကုန်သွယ်ရေးလမ်း အခက်အခဲတွေကြောင့် ကဏန်းလုပ်ငန်းရှင်တွေဟာ အရှုံးနဲ့ရင်ဆိုင်နေရသလို ယာယီရပ်နားလိုက်ရတဲ့အထိ ဖြစ်သွားကြပါတယ်။ ဒါ့ကြောင့် မူဆယ်လမ်းကြောင်းကို ပြန်ဖွင့်ပေးဖို့ ရခိုင်က ကဏန်းလုပ်ငန်းရှင်တွေက တောင်းဆိုနေကြပါတယ်။

https://www.facebook.com/dmgnewsagency/posts/2022442947908106

Leave a Reply

Your email address will not be published.