ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့တစ်ခုလုံးကို သောက်သုံးရေဖြန့်ဝေပေးနေတဲ့ ကန်တော်ကြီးကို NLD အစိုးရလက်ထက်က ကျပ်သန်းပေါင်း ၁၈၀၀ ကျော် အကုန်ကျခံပြုပြင်ခဲ့ပေမဲ့ နှစ်စဉ်နွေရာသီရောက်လာရင် ရေခမ်းခြောက်မှု ပြဿနာတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

By Narinjara/ 2021 May 4

အဲဒီကန်တော်ကြီးမှာ ရေပိုမိုသိုလှောင်နိုင်ရန်အတွက် ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၆ ဧပြီလ ၂၄ ရက်နေ့က ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၈၀၀ ကျော် အကုန်ကျခံ ပြုပြင်ခဲ့ပါတယ်။ အဲဒီရေကန်ကို သီဟမင်းဆွေ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့တာဖြစ်ပြီး၊ စီမံကိန်းထဲမှာ ကန်တော်ကြီးအပါအဝင် ကန်တော်ကြီးနားက ကန်ငယ် (၅) ကန်ကိုပါ ပြုပြင်ခဲ့တာပါ။

ဒါပေမဲ့ အဲလို ဘဏ္ဍာငွေတွေ အများကြီး အကုန်အကျခံပြုပြင်ခဲ့ပေမယ့် စစ်တွေမှာ သောက်သုံးရေရှားပါးမှုပြဿနာက ဆက်ပြီးကြုံနေရဆဲဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အပြည့်အစုံကို ရုပ်သံမှာ ကြည့်ရှူနုားဆင်နိုင်ပါပြီ။

https://www.facebook.com/narinjara.info/posts/4286241161387928

Leave a Reply

Your email address will not be published.