By Western News/ 2021 May 10
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီးဖြစ်သည့် မမိုးဆန်းစုကြည်၏ တိမ်းရှောင်လျှက်ရှိသည့်နေရာသို့ စစ်တပ်မှ လာရောက်၍ ဖမ်းဆီးသွားသည်ဟုသိရကြောင်း မိသားစုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များက ပြောသည်။
မမိုးဆန်းစုကြည်မှာ မည်သည့်နေရာတွင် တိမ်းရှောင်လျှက်ရှိသည်ကို မသိရသော်လည်း မေလ ၉ ရက်နေ့ ယနေ့ နေ့လည်ပိုင်း ၁ နာရီအချိန်ခန့်က ဖုန်းဆက်သွယ်၍ ရရှိခဲ့သော်လည်း ညနေပိုင်းမှ စတင်၍ ဖုန်းခေါ်၍မရတော့ကြောင်း မိုးဆန်းစုကြည်၏ အစ်မဖြစ်သူက Western News ကိုပြောသည်။
“ဒီနေ့ နေ့လည်ကတော့ ဖုန်းဆက်လို့ရသေးတယ်။ ဒီနေ့ ညနေ ၉ နာရီလောက်က ဖုန်းဆက်တော့ဝင်တယ်။ ဒါပေမယ့် မကိုင်ဘူး။ အခုတော့ဖုန်းက လုံးဝဆက်လို့မရတော့ဘူး။ ဖုန်းပိတ်ထားတယ်။ သူဘယ်မှာနေလည်းဆိုတာကိုလည်းကျမတို့ကိုမပြောဘူး။ အဆက်အသွယ်ရတုန်းကတော့ လုံခြုံတဲ့နေရာမှာရှိတယ်လို့တော့ ပြောခဲ့တာပဲ” ဟုပြောသည်။
ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် NLD ပါတီဝင်တစ်ဦးကလည်း မမိုးဆန်းစုကြည် ဖမ်းဆီးသွားသည်ဟု ကြားရကြောင်း Wester News ကိုပြောဆိုသည်။
“ဖမ်းဆီးသွားတယ်လို့ကြားတယ်။ စစ်တပ်ကလာရောက် ဖမ်းဆီး သွားတယ်လို့ကြားထားပါတယ်။”ဟုပြောသည်။
မမိုးဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီ NLD ပါတီ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံတစ်ဦးဖြစ်ပြီးသည်။ ယင်းအပြင်သူမ၏ ဖခင်ဖြစ်သည့်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာလည်း လက်ရှိအချိန်တွင် နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည်။
https://www.facebook.com/westernnewsagency/posts/286996659773512