By Western News/ 2021 May 7
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ် လေးမြို့ချောင်းဒေသမှ ထွက်လေ့ရှိသော ရာသီပေါ်သီးနှံ လိုင်ချီးသီး( ဒေသအခေါ်အဝေါ်စုပ်ဖွားသီး) မှာ လက်လီ၊ လက်ကားရောင်း ဝယ်လျှက်ရှိပြီး ယခုနှစ်တွင် စျေးကောင်းများရရှိနေကြောင်း လိုင်ချီးသီးခြံပိုင်ရှင်များက ပြောသည်။
ယခုနှစ်တွင် မိုးရွာသွန်းမှု ပုံမှန်မဟုတ်သောကြောင့် သီးနှံအထွက်နှုန်းနည်းပါးသော်လည်းယခင်နှစ်ကထက် လိုင်ချီးသီး (စုပ်ဖွားသီး)မှာ ဈေးကောင်းများရရှိနေသည်ဟု မြောက်ဦးမြို့နယ် ဂုဏ်ကျွန်းကျေးရွာမှ လိုင်ချီးသီး(စုပ်ဖွားသီး)စိုက်ပျိုးခြံလုပ်ကိုင်သူ ကိုကိုနိုင်က Western News ကိုပြောသည်။
“ပြီးခဲ့တဲ့နှစ်ကထက်တော့ ဒီနှစ် ဈေးနည်းနည်းပိုရတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျွန်တော်တို့လိုင်ချီးသီး(စုပ်ဖွားသီး)လုံးရေ ၁၀၀ ကို ၃၀၀၀ ကျပ်နဲ့စပြီးရောင်းရတယ်။ ဒီနှစ်တော့ ၅၀၀၀ ကျပ်လောက်ကစရောင်းရတော့ ဈေးကောင်းတယ်လို့ပြောနိုင်တယ်။ ဒီနှစ်က အထွက်နှုန်းလည်းမကောင်းဘူး။ အဲ့ဒါကြောင့်လည်းဖြစ်နိုင်တယ်။ ဈေးကလည်း အသီးထွက်နှုန်းအပေါ်မှုတည်ပြီး အတက်အကျရှိတယ်။ ဟု”ပြောသည်။
ရခိုင်ပြည်နယ်အတွက် ထွက်ရှိသည့် လိုင်ချီးသီး ဒေသအခေါ်အဝေါ်စုပ်ဖွားသီးမှာ စျေးကွက်မရှိ၍ ပြည်မသို့ တင်ပို့နိုင်ခြင်းမရှိသလို ယင်းကဲ့သို့ တင်းပို့ခြင်း မရှိသောကြောင့် အမြတ်ရရှိနေပါးရခြင်းဖြစ်သည်ဟု လိုင်ချီးသီးခြံပိုင်ရှင်များက ပြောသည်။ ယခုနှစ်တွင် လိုင်ချီးသီး ဈေးကွက်မှာ အနည်းငယ်ကောင်းသော်လည်း ကုန်သွယ်စရိတ်တွေ မြင့်တက်သောကြောင့် အမြတ်အစွန်းနည်းပါးရသည်ဟု စစ်တွေမြို့တွင် လိုင်ချီးသီး(စုပ်ဖွားသီး) အရောင်းအဝယ်လုပ်ကိုင်နေသူ ဒေါ်အေးစိုးချေက ပြောသည်။
”လိုင်းချီးသီးဈေးကွက်ကတော့ ပြီးခဲ့တဲ့နှစ်ကထက်တော့ ဈေးနည်းနည်းကောင်းတယ်။ ဒါပေမဲ့လည်း ကုန်သွယ်ရေးစရိတ်ကကြီးတော့ အမြတ်ကနည်းနည်းပဲရတယ်။ မြောက်ဦးကနေ စစ်တွေကိုတခါလာရင်ကားခက ၇၀၀၀၀ လောက်ပေးရတော့ အမြတ်ကနည်းတယ်ဟု”ပြောသည်။
အဆိုပါလိုင်းချီးသီးခြံများသည် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ် လေးမြို့ချောင်းဒေသမှ အများဆုံးထွက်လေ့ရှိပြီး ယင်းမှတစ်ဆင့် ရခိုင်ပြည်နယ်အနှံ႔သို့ တင်ပို့ရောင်းချကြောင်းလိုင်းချီးသီးခြံပိုင်ရှင်များကပြောသည်။
https://www.facebook.com/westernnewsagency/posts/289429919530186