By Narinjara/ 2021 May 24
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(YAAS)” ကြောင့် ရခိုင့်ပင်လယ်ပြင်မှာ လှိုင်းကြီးပြီး လေပြင်းတွေတိုက်ခတ်နေပါတယ်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်က မြို့တချို့မှာ ဒီကနေ့ နေ့လယ်ပိုင်းကစပြီး မိုးသက်လေပြင်းတွေလည်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် (၂၉၅)မိုင်လောက်နဲ့ ပုသိမ်(Pathein)မြို့ရဲ့ အနောက်ဘက် ရေမိုင် (၃၂၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် (၂၅၀)မိုင်လောက်နဲ့ ဒီဂါ (Digha)မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၉၅)မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။
https://www.facebook.com/narinjara.info/posts/4347945305217513