မြောက်ဦးမြို့တွင် အသက် ၈ဝအရွယ်မသန်စွမ်းအဖိုးအိုတစ်ဦးရေနစ်သေဆုံး

By Narinjara/ 2021 May 29

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ သင်္ဘောဆိပ်အနီး ချောင်းထဲတွင် မေလ ၂၉ ရက် ညနေ ၅ နာရီခန့်က အသက် ၈ဝ အရွယ် မသန်စွမ်းအဖိုးအိုတစ်ဦး ရေနစ်သေဆုံးနေသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ မြောက်ဦးမြို့နယ် လေညှင်းတောင်ကျေးရွာမှ ဦးမောင်ထွန်းစိန်(၈ဝ)နှစ်ဖြစ်ကာ ဝါးဖောင် လုပ်ငန်းတွင် အငှား လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

လေညှင်းတောင်အုပ်စုအုပ်ချုပ်ရေးမှူး ဦး ဦးစောသန်းက“ ကျွန်တော်တို့ သတင်းရတာတော့ ငါးနာရီ လောက်ကပါ။ သူက ခြေထောက် တစ်ဖက် မသန်ပေမယ့် ဆင်းရဲနွမ်းပါးတဲ့အတွက် ဆင်ချဆိပ်က သန်းမြင့်မောင်ဆိုတဲ့ လူရဲ့ ဝါးဖောင်မှာ အငှားလိုက်ဖို့လိုက်သွားတာပါ။ ဒီနေ့သူ့အလောင်းကို သင်္ဘောဆိပ်အနီးက ရေထဲမှာ တွေ့တယ်လို့သိရပါတယ်” ဟုပြောသည်။

လက်ရှိတွင် အလောင်းအား မြောက်ဦးဆေးရုံသို့ပို့ဆောင်ထားပြီး မိသားစုဝင်များအား အသိပေးထားကြောင်း၊ ရဲတပ်ဖွဲ့အား ဆက်သွယ်ထားကြောင်း လည်း သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့အား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။

https://www.facebook.com/narinjara.info/posts/4365227723489271

Leave a Reply

Your email address will not be published.