By Western News/ 2021 May 20

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးအလယ်ပိုင်းရပ်ကွက်၊ မီးလောင်ကွင်းတွင် မေလ ၂၀ ရက် အာရုံတက်ချိန် ၃ နာရီ ၁၅ မိနစ်လောက်က စတင်မီးလောင်မှုဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။
မီးလောင်မှုကြောင့် လူနေအိမ် ၁၃ အိမ်ခန့်လောင်ကျွမ်းနေပြီးကမ်းထောင်ကြီး မီးသတ်ဌာနနှင့် ရပ်ကွက်သားများမှဝိုင်းဝန်းမီးငြိမ်းသတ်နေကြကာ မီးလောင်ရသည့်အကြောင်းအရင်း မသိရသေးကြောင်း ဒေသခံများကပြောသည်။
https://www.facebook.com/westernnewsagency/posts/293850232421488