By Development Media Group (DMG)/ 2021 May 5
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အငူကျေးရွာရှိကလေးသူငယ်များမှာ စာပေကိုချစ်မြတ်နိုးစေရန်နှင့် စာဖတ်စွမ်းရည်တိုးတက်မြင့်မားလာစေရန်ရည်ရွယ်ချက်ဖြင့် “နွေရာသီကလေးများစာဖတ်ဝိုင်း”ကို မြေပုံလူငယ်များအသင်းက ဦးဆောင်ပြီး မေလ ၄ ရက်နေတွင် ပြုလုပ်ပေးခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် သဘာဝပတ်ဝန်းကျင်နှင့် ဆိုင်သောစာအုပ်များ၊ ကာတွန်းစာအုပ်များ၊ သမိုင်းနှင့် ပတ်သက်သော စာအုပ်များကိုဓိကထားပြီး တစ်ပတ်လျှင်တနင်္ဂနွေ ၁ ရက်သာ ပို့ချသင်ပြပေးနေကြောင်း မြေပုံလူငယ်များအဖွဲ့ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုစည်သူဝင်းကWestern News ကိုပြောသည်။
“ ကျွန်တော်တို့စာဖတ်ဝိုင်းပြုလုပ်ပေးရတာက လူငယ်တွေအနေနဲ့ စာပေကိုပိုမိုစိတ်ဝင်စားလာဖို့ဖြစ်တယ်။ လူငယ်တွေစာဖတ်စွမ်းရည်တိုးမြင့်လာစေဖို့ရည်ရွယ်ပြီးတော့ ပြုလုပ်ပေးရတာ။ စာဖတ်ဝိုင်းမှာက သမိုင်းစာ အုပ်တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့စာအုပ်တွေ၊ ကာတွန်းစာအုပ်တွေကိုအဓိကထားလို့ သင်ကြားတာဖြစ် တယ်။ တစ်ပတ်မှာ တနဂ်နွေတစ်ရက်သာသင်ကြားပေးတယ်”ဟု ပြောသည်။
“နွေရာသီကလေးများစာဖတ်ဝိုင်း”ကို နွေရာသီကုန်ဆုံးချိန်ထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မြေပုံမြို့နယ်မှ လူငယ် ၅၀ မှ ၆၀ ရာခိုင်နှုန်းက စာအုပ်စာပေကိုချစ်တတ်သည့်အသိုင်းအဝိုင်းတစ်ခုဖြစ်လာစေရန်အတွက်လည်း မြေပုံလူငယ်များအသင်းက အစွမ်းကုန်ကြိုးစားကာပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကိုစည်သူဝင်းကပြော သည်။
“ စာသင်ဝိုင်းကို နွေရာသီအကုန်ထိ သင်ပြသွားမယ်။ နောက်ပြီး မြေပုံမြို့နယ်မှာရှိတဲ့ လူငယ်တွေ အနည်းဆုံး ၅၀ မှ ၆၀ ရာခိုင်နှုန်းအထိ စာဖတ်လာပြီးတော့ စာအုပ်စာပေကို ချစ်တတ်တဲ့ အသိုင်းအဝိုင်းတစ်ခု ဖြစ်လာဖို့ ကျွန်တော်တို့အနေနဲ့ အစွမ်းကြိုးစားသွားမယ်။ ဒါကြောင့်မို့ စာအုပ်တွေလည်း ထပ်ဖြည့်သွားမယ် “ ဟုဆိုသည်။
https://www.facebook.com/westernnewsagency/posts/284184973388014