By Western News/ 2021 May 18
၅ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ နယ်၊ဗန်းဗွီကျေးရွာတွင် ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၇ နာရီမှ ၁ဝနာရီထိ အကျဉ်းချုံးကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြိုအမျိုးသားနေ့ကို ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ ပြည်နယ်စာပေနှင့်ယဉ်ကျေးမှုညွှန်ကြားရေးမှူး၊ ရခိုင်စာပေဥက္ကဌ၊ ဝံလက်ဖောင်ဒေးရှင်း၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရခိုင်ယဉ်ကျေးမှုအဖွဲ့တို့တက်ရောက်ခဲ့ကြကြောင်း မြိုစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးဇနီဖြူက ပြောသည်။
“ကျွန်တော်တို့ မနေ့ကကျတော့ သံဃာတော် ၉ ပါးနဲ့ ပရိတ်တရားနာပြီးဖွင့်ပွဲလုပ်ပါတယ်။ ဒီနေ့မှတော့ မနက်ပိုင်း ၇ နာရီကနေ ၁၀ နာရီထိကို ကပြဖျော်ဖြေမှုတွေနဲ့ကျင်းပခဲ့ပါတယ်။ ကျွန်တောတို့ မြို အမျိုးသားနေ့ကို ရခိုင်တိုင်း ရင်းသားမျိုးနွယ်စုဝင်တွေ၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေ၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂတို့ကတက်ရောက်ခဲ့ပါ တယ်”ဟုပြောသည်။
ပြီးခဲ့သည့် နှစ်က ကျရောက်ခဲ့သော ၄ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းနိုင်ခဲ့သလို ယခုနှစ်တွင်လည်း ကိုဗစ်ရောဂါကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ရကြောင်းလည်းသိရသည်။
မြိုလူမျိုးတို့မှာ တောင်ပေါ်ဒေသတွင် တောင်ယာလုပ်ကိုင်ခြင်းကို အသက်မွေးဝမ်းကျောင်းအဖြစ်အမှီပြု နေထိုင် ကြသော တိုင်းရင်းသားဖြစ်ပြီး ကဆုန်လဆင်း ၇ ရက်နေ့မှာ တောင်ယာစပါးမျိုးဥချသည့်နေ့ဖြစ်သည့် အတွက် အဆိုပါနေ့ကို မြိုအမျိုးသားနေ့အဖြစ်သတ်မှတ်ခြင်းဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် မြိုတိုင်းရင်းသားများမှာ ကျောက်တော်၊မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။
https://www.facebook.com/westernnewsagency/posts/292863279186850